Part-43 (Uni+Zawgyi)

294 38 6
                                    

Uni

                      An Idea-အကြံဉာဏ်

မြို့ထဲကိုရောက်တော့ လျိုထုံက ရထားလုံးလှည်းရပ်တဲ့နေရာကိုသွားပြီး တစ်ယောက်ယောက်ကိုကြေးဒင်္ဂါးအချို့ပေးကာ စောင့်ကြည့်ခိုင်းထားလိုက်သည်။

ထို့နောက် သူ့မိသားစုကို ဦးဆောင်ကာ သူဌေးချန်၏ စားသောက်ဆိုင်သို့ ခေါ်သွားလိုက်သည်။

လျိုထုံအရမ်းသဘောကျတဲ့ရွှီရန်ကို သူဌေးချန်က ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

အချိန်ခဏလောက် အလာပသလာပပြောဆိုပြီး လျိုထုံကပါလာတဲ့ငရုပ်နှစ်ပြွန်တွေကိုကမ်းပေးလိုက်ပြီး သူဌေးချန်ကိုပြောလိုက်တယ်။
"သူဌေးချန်၊ ဒါတွေကကျွန်တော့အိမ်မှာကျန်တာအကုန်ပဲ။ နောက်တစ်သုတ်က နောက်ရက်နည်းနည်းကြာလောက်မှဆိုတော့ ဒီရက်ပိုင်းသူဌေးရောင်းချင်ရင်တော့ လျော့လျော့ပေါ့ပေါ့လေးရောင်းပေါ့။"

"အင်းးးးး"
သူဌေးချန်က နည်းနည်းတော့လန့်သွားပြီး
"နည်းနည်းတော့ မြန်မြန်လေးလုပ်ပေးလို့မရဘူးလား။ ဖောက်သည်တွေကဝယ်တဲ့အကျင့်ရှိနေပြီ၊ ချက်ခြင်း ကြီး ပစ္စည်းပြတ်သွားရင် သူတို့မကျေနပ်မှာကို ငါစျုးတယ်။ သူတို့ပုံမှန်ဖောက်သည်တွေ။"

ပုံမှန်ဖောက်သည်များသည်ဆိုင်တစ်ဆိုင်အတွက် အလွန်အရေးကြီးသည်။ ယခုအချိန် သူတို့၏စားဝတ်နေရေးစရိတ်မှာ သူဌေးချန်၏ငရုတ်နှစ်အတွက် ပေးထားသည့်စျေးနှုန်းကြီးမြင့်မှုအပေါ် မူတည်သောကြောင့် လျိုထုံသည် အနည်းငယ် ချီတုံချတုံဖြစ်ကာ ရွှီရန်ဘက်သို့ မျက်လုံးလှည့်ကြည့်လိုက်သည်။

ရွှီရန်ကပြုံးပြီးပြောလိုက်တယ်
"သူဌေးချန်၊ ငရုပ်နှစ်ကအချိန်အတော်ကြာအောင် ထားပြီးမှအရသာပိုကောင်းလာတဲ့အတွက် လွယ်လွယ်ကူကူ လုပ်လို့ရတဲ့အရာတော့ မဟုတ်ဘူး။ ဒါပေမယ့် မင်းရဲ့ဖောက်သည်တွေကို ကျေနပ်အောင်လုပ်ဖို့ နည်းလမ်းတစ်ခု ကျွန်တော့်မှာရှိတယ်"

ဒီစကားကြားတော့ သူဌေးရဲ့မျက်လုံးတွေ တောက်ပလာပြီး
"မင်းရဲ့အကြံဥာဏ်က ဘာလဲလူကြီးမင်းရွှီ"
လို့မေးလိုက်တယ်။

Transmigration: The Farm Life Of A "Fool" (Hiatus)Where stories live. Discover now