Part-44 (Uni+Zawgyi)

656 41 4
                                    

Uni

                                     Part-44

                       Envy-မနာလိုမရှူစိတ်

ဒီနေ့ကကျန်းယွဲ့အဖေရဲ့မွေးနေ့ပင်။ ကျန်းယွဲ့ကသူ့အဖေအတွက်ပွဲလုပ်ပေးဖို့ သူ့သားတွေကိုခေါ်ပြီး ပြန်လာခဲ့ခြင်းပင်။ မထင်မှတ်ထားပဲ သူ့မိဘများနဲ့ သူ့အကိုကြီးနဲ့အတူ မြို့ထဲကိုလမ်းလျှောက်ထွက်လာခဲ့ကြတယ်။

ကျန်းယွဲ့က သူ့အဖေအတွက် မဲနယ်ပြာရောင်အထည်ကြမ်းကြမ်းတစ်လိပ်ကိုဝယ်ခဲ့ပြီး အဲ့အတွက် တင်များစွာကုန်ကျခဲ့သည်။ ရွှီမိသားစုက သူ့ကိုဘာမှမပေးတာကြောင့် သူ့ရဲ့ကိုယ်ပိုင်ငွေနဲ့ ပေးချေခဲ့ပြီး ကျန်းယွဲ့မှာအတော်လေးကို စိတ်မကောင်းဖြစ်ခဲ့ရသည်။

အထည်ဆိုင်မှ ထွက်လာပြီး မမျှော်လင့်ထားဘဲ ကျန်းယွဲ့မှာ ရွှီရန်တို့မိသားစု စာအုပ်ဆိုင်ထဲကထွက်လာတာကိုတွေ့လိုက်ရတယ်။ ရွှီရန်ကလက်ထဲတွင်စာအုပ်များနှင့်စာရေးကိရိယာအချို့ကို ကိုင်ဆောင်ထားပြီး သူ့သားနှစ်ယောက်လက်ထဲတွင်လည်း စွန်တစ်ခုစီကိုငါလျက် လျိုထုံကတော့ကုန်စုံပစ္စည်းတွေလက်ထဲအပြည့်ရှိနေသည်။

စွန်တွေကိုမြင်တော့ ရွှီဟွေ့နဲ့ရွှီချန်က တစ်ချက်ဟေးခနဲအော်လိုက်ပေမယ့် ကျန်းယွဲ့ရဲ့လက်ထဲစွန်တွေအတွက် ပိုက်ဆံမရှိတော့ပေ။ ကျန်းယွဲ့မှာ ထိုပျော်ရွှင်သောမိသားစုနှင့် ရွှီရန်လက်ထဲမှစာအုပ်များကို မနာလိုစိတ်ဖြင့် စိမ်းစိမ်းစိုစိုသာစိုက်ကြည့်နေရသည်။

ဒီစာအုပ်တွေဘယ်လောက်ဈေးကြီးတယ်ဆိုတာ သူကောင်းကောင်းသိတယ်။ သာမာန်မိသားစုတွေက ကျူရှင်စရိတ်တောင်မတတ်နိုင်ပေမဲ့ ရွှီရန်ကတော့စာအုပ်အထူအပါးအများကြီးကို ဝယ်လာခဲ့တယ်။

ကျန်းယွဲ့စိတ်ထဲရှိတစ်ခုတည်းသောအတွေးမှာ ရွှီရန်ချမ်းသာလာပြီ။

ဒါပေမဲ့ပိုက်ဆံတွေကသူ့(ကျန်းယွဲ့)အတွက်မဟုတ်သလို၊ သူ(ရွှီရန်)အတွက်လဲမဟုတ်။ ခွေးမသားလျိုထုံအတွက်သာ။

လျိုထုံကသူ့ထက်သာလွန်သောဘဝဖြင့် နေထိုင်နေသည်ဟူသော အတွေးကြောင့် ကျန်းယွဲ့ရူးသွားတော့မလိုပင်။ သူ့လက်သည်းများကိုလက်ဖဝါးထဲသို့စိုက်လုနီးပါး လက်သီးဆုပ်ထားမိသည်။

Transmigration: The Farm Life Of A "Fool" (Hiatus)Where stories live. Discover now