Part-35
Family Members-မိသားစုဝင်များ
အားလုံးထွက်သွားပြီးမှသာ ရွှီရန်သက်သာရာရတော့သည်။ သူက လျိုထုံကို ပွေ့ဖက်ပြီး
"ထုံထုံ! အခုလေ ဘာမဟုတ်တာလေးကိုငြင်းခုန်နေရတာက အလုပ်လုပ်ရတာထက်ပိုပင်ပန်းတယ်လို့ ငါတကယ်တွေးမိနေတာ"နေ့ခင်းဘက်တွင် ပွေ့ဖက်ခံရသောကြောင့် လျိုထုံမှာအနည်းငယ် ရှက်ရွံ့သွားပြီး သူ့ကိုအဝေးသို့တွန်းထုတ်ကာ
"စိတ်မညစ်ပါနဲ့ ရန်ရဲ့။ ယောက္ခထီးပါးပါးက ငါတို့ကို ဘာလို့ဒီလိုဆက်ဆံနေမှန်းငါမသိတော့ဘူး။"ရွှီရန်ကတော့ နည်းနည်းလေးမှ စိတ်မညစ်ပေ။ ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်အရူးကသာ ထိုအရာနဲ့ပတ်သက်ပြီးဝမ်းနည်းသင့်တာပင်။ သို့သော် သူသေပြီးသား။ သူ့မိသားစုက သူ့ကိုအထင်သေးမှုကလွဲပြီး ဘာမှမပေးပေ။
ရွှီရန်ကလျိုထုံကို ထပ်မံပွေ့ဖက်လိုက်ပြီး ထန်ထန်နှင့်ကော်ကော်ကိုကြည့်ဖို့ အိမ်ထဲဝင်သွားလိုက်သည်။
ထန်ထန်နှင့်ကော်ကော်သည် အခန်းထဲတွင်တစ်လျှောက်လုံး ရှိနေခဲ့ပြီး ရွှီရန်က သူတို့ကိုခြောက်လှန့်မိမည်ကိုစိုးရွံ့မိသည်။
ထန်ထန်နှင့်ကော်ကော်သည် ကုတင်ပေါ်တွင် ထိုင်နေခဲ့ကြပြီး ရွှီရန်အိမ်ထဲဝင်လာတာကိုမြင်တော့ အိပ်ယာပေါ်မှထကာ သူ့ခြေထောက်တွေကိုဆွဲပြီး "ဖေဖေ" ဟုခေါ်လာကြသည်။
ကလေးတွေက သူ့ကိုပြိုင်တူခေါ်လိုက်ကြသည်။ မကြာခဏကြိမ်ဖန်များစွာ ကြိမ်းမောင်းခဲ့သော အဖိုးရွှီကို သူတို့ကြောက်ကြသည်။ သူတို့ဒီကိုပြောင်းလာကတည်းက သူတို့ထပ်ပြီးဆူပူခံရတော့မှာမဟုတ်ဘူးလို့ယုံကြည်ကြသည်။ သူတို့မှာ အဖိုးရွှီ သူတို့အိမ်ကိုရောက်လာတာကြောင့် အရမ်းအံ့ဩထိတ်လန့်သွားရသည်။
ကလေးနှစ်ယောက် စိတ်ဓာတ်ကျနေတာကို မြင်လိုက်တော့ ရွှီရန်ကသူတို့ကိုလက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီး ပါးပြင်ပေါ်နမ်းလိုက်သည်။
"အဆင်ပြေသွားပါပြီ။ ထန်ထန်၊ ကော်ကော်၊ ဖေဖေဒီမှာရှိတယ်နော်။ အဲ့ဒါကြောင့် သားတို့ကိုဘယ်သူမှ ထပ်ပြီးအနိုင်ကျင့်လို့မရတော့ဘူး"
YOU ARE READING
Transmigration: The Farm Life Of A "Fool" (Hiatus)
Historical FictionXuRanသည် ဘွဲ့ရပြီးနောက် companyတစ်ခုတွင် နှစ်နှစ်ကြာ အလုပ်ဝင်ခဲ့သည်။ ရာထူးတိုးဖို့အခွင့်အရေးရလာတဲ့အချိန်မှာပဲ သူဟာလှေကားပေါ်ကနေ မတော်တဆပြုတ်ကျခဲ့ပြီး အခြားကမ္ဘာမှ သူနဲ့နာမည်တူအမျိုးသားရဲ့ ခန္ဓာကိုယ်ထဲ ဝိဉာဉ်ကူးပြောင်းခံလိုက်ရသည်။ အံ့ဩစရာတစ်ခုက သူဝိဉ...