Part-19 + Part-20 (Uni)

298 34 1
                                    

                                     Part-19

            Assistance-အကူအညီအထောက်အပံ့

နေ့ခင်းပိုင်းမှာတော့ ဝူမိန်နှင့်လျိုချင်မှာ ထမင်းဟင်းချက်ဖို့ပြန်လာကြပြီး အခြားသူများကတော့ တောင်ပေါ်တွင်ဝါးခုတ်ရင်းကျန်နေခဲ့သည်။ အိမ်အသစ်တစ်လုံးဆောက်ဖို့ရန်အတွက် ဝါးပေါင်းများစွာလိုအပ်သည်။ ဒါကြောင့်တောင်ပေါ်မှာ သူတို့ခုနစ်ယောက်လုံး အတူတူလုပ်ကိုင်နေကြခြင်းပင်။ လုံလောက်တဲ့ဝါးအရေအတွက်ရဖို့ အနည်းဆုံး၂ရက်၃ရက်တော့ ခုတ်ရလိမ့်မည်။ ထို့ကြောင့်သူတို့မှာ နေ့ခင်းပိုင်းကိုအနားယူရန်ပြန်မလာကြခြင်းပင်။ ဝူမိန်နှင့်လျိုချင်ကပြန်လာပြီး ထမင်းဟင်းတွေချက်ပြုတ်ပြီးအဆင်သင့်ယူသွားမှသာ သူတို့တွေတောင်ပေါ်၌နေ့လည်စာစားနိုင်မည်ဖြစ်သည်။

ဝူမိန်သည် အိမ်တွင် ကြက်၊ ဘဲနှင့် ဝက်များကို မွေးမြူထားသည်။ ကြက်များနှင့် ဘဲများကို ပြုစုစောင့်ရှောက်ရန်မှာ သာ့ဟူ၏တာဝန်ဖြစ်သည်၊ ထို့ကြောင့် သာ့ဟူမှာ သူကစားရင်းအားသည့်အခါတိုင်း မြက်စိမ်းစိမ်းများကို ခူးကာကျွေးသည်။ ဝက်တွေအတွက်မှတော့ သူတို့ရဲ့ အစာကို အရင်ပြုတ်ပြီးမှ ဝက်စားခွက်စည်တွေထဲထည့်ပြီး ကျွေးရမှာပင်။ ထို့ကြောင့်ဝက်များသည် တစ်မနက်လုံး ဆာလောင်နေသဖြင့် ထိုနေရာတွင် ကျယ်လောင်စွာ အော်ဟစ်နေကြလေသည်။

ရွှီရန်မှာသူ့ကိုယ်သူနေပြန်ကောင်းနေပြီဟုတွေးပြီး ဝက်စာကျွေးရန် ဝူမိန်ကိုကူဖို့သွားလိုက်သည်။

ရွှီရန်မှာယောက်ျားသားတစ်ယောက်ဖြစ်သော်လည်း နှစ်တွေအကြာကြီးထိအရူးတစ်ယောက်ဖြစ်ခဲ့ပြီး လျိုထုံ၏အလိုလိုက်ခြင်းကိုခံခဲ့ရသည်။ အလုပ်လုပ်သည့်နေရာ၌ ဝူမိန်နှင့်မယှဉ်နိုင်သည်မှာ သေချာသည်ပင်။

ရွှီရန်က ဝက်စာကူသယ်ပေးဖို့ အလျင်အမြန်လာနေတာကို ဝူမိန်တွေ့လိုက်တော့ သူစပ်စုချင်ပြီး အပျော်လုပ်ချငိတယ်လို့ပဲ တွေးလိုက်သည်။ ဝက်စားခွက်စည်ကို သူမထမ်းနိုင်တော့တဲ့အခါမှာတော့ ဝူမိန်ကိုရယ်တောင်မပြနိုင်တော့ပေ။ သို့ပေသော်ငြား ရွှီရန်ကိုယ်တိုင်လည်း အနည်းငယ်ရှက်ရွံ့သွားရသည်။ သူကူညီနိုင်တယ်ဆိုတာကို သက်သေပြဖို့အတွက် ရွှီရန်က ဝူမိန်အိုးထဲက အစာတွေကို ပုံးထဲထည့်တာကို ကူညီဖို့လုပ်ခဲ့သည်။

Transmigration: The Farm Life Of A "Fool" (Hiatus)Where stories live. Discover now