Part-17
It was a new morning-မနက်ခင်းအသစ်
နောက်တစ်နေ့မနက်စောစောမှာတော့ ပထမကြက်တွန်သံနှင့်အတူ လျိုထုံနိုးလာခဲ့သည်။ သူ့ရင်ခွင်တွင်းတွင် နှိပ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ချွေးထွက်နေသည့်အမျိုးသားအား ကြည့်လိုက်မိသည်။ အရင်ဆုံးချွေးသုတ်ပေးလိုက်ပြီး ရွှီရန်နိုးမလာစေရန် သူ့ခန္ဓာကိုယ်ကို ဖြေးဖြေးချင်းလှုပ်ရှားလိုက်သည်။ ရွှီရန်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကို သူသိသည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာလဲ ရွှီရန်ကနေမကောင်းဖြစ်ခဲ့သေးသည်။ ဒါပေမဲ့လည်း ဒီနှစ်ရက်အတွင်းသူပြန်သက်သာလာတာကိုတွေ့တော့မှ လျိုထုံစိတ်သက်သာရာရသွားတော့သည်။
အိပ်ယာထပြီးနောက် ထန်ထန်နဲ့ကော်ကော်ကိုကြည့်ဖို့ အခြားအခန်းဘက်ကိုသွားလိုက်သည်။ အိပ်ယာပေါ်မှာ ကလေးသုံးယောက်က နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာကိုမြင်တော့မှ လျိုထုံစိတ်ပေါ့ပါးကာ ထွက်လာလိုက်သည်။
မီးဖိုချောင်ထဲတွင် ဝူမိန်က မနက်စာအတွက် မီးမွှေးပြီးချက်ပြုတ်နေပြီဖြစ်သည်။ လျိုထုံကိုမြင်တော့
"မင်းဘာလို့ အစောကြီးထလာတာလဲ။ မနေ့ကလဲတစ်နေ့လုံးပင်ပန်းပြီး ဒဏ်ရာတွေလည်းရထားတာကို။ ဘာလို့ထပ်မအိပ်ရတာလဲ"
လျိုထုံက ခေါင်းခါလိုက်ကာ "ငါမနက်အစောကြီးထရတာအကျင့်ဖြစ်နေပြီ။ မင်းကိုဟင်းကူချက်ပေးမယ်"လျိုထုံရဲ့စိတ်အခြေအနေအဆင်ပြေနေတာကိုမြင်တော့မှ ဝူမိန်ကလက်ခံလိုက်သည်။
"ဟုတ်ပါပြီ! မင်းငါ့ကို မီးကူမွှေးပေး။ ငါဒီနေ့မနက်စာကို ဂျုံမုန့်လုံးလုပ်မှာ။ ငါတို့ဗိုက်ပြည့်နေမှ အလုပ်လုပ်ဖို့အားရှိမှာ"လျိုထုံက ခေါင်းငြိမ့်ပြလိုက်ပြီး ထင်းများကိုမီးဖိုထဲပစ်ထည့်လိုက်သည်။
ကလေးတွေနိုးလာတဲ့အချိန်မှာတော့ မိုးစင်စင်လင်းနေပြီဖြစ်သည်။ သာ့ဟူကအငယ်သုံးယောက်ကို မျက်နှာသစ်ဖို့ခေါ်သွားပြီး တံခါးပေါက်မှာရပ်စောင့်ရန် မီးဖိုချောင်ထဲသို့ပြေးလာကြသည်။
YOU ARE READING
Transmigration: The Farm Life Of A "Fool" (Hiatus)
Historical FictionXuRanသည် ဘွဲ့ရပြီးနောက် companyတစ်ခုတွင် နှစ်နှစ်ကြာ အလုပ်ဝင်ခဲ့သည်။ ရာထူးတိုးဖို့အခွင့်အရေးရလာတဲ့အချိန်မှာပဲ သူဟာလှေကားပေါ်ကနေ မတော်တဆပြုတ်ကျခဲ့ပြီး အခြားကမ္ဘာမှ သူနဲ့နာမည်တူအမျိုးသားရဲ့ ခန္ဓာကိုယ်ထဲ ဝိဉာဉ်ကူးပြောင်းခံလိုက်ရသည်။ အံ့ဩစရာတစ်ခုက သူဝိဉ...