Part-30 (Uni)
The Millstone-ကြိတ်ဆုံကျောက်
ငရုတ်သီးကို နေပူထဲတွင် သုံးရက်ကြာအောင် ထုတ်လှမ်းထားရပြီး ပဲပုပ်ပဲအတွက်ကတော့ နှစ်ရက်သာ နေလှန်းရသည်။
ထိုသုံးရက်အတွင်း ဝါးပြွန်များ လုပ်ပြီးသွားကြသည်။ ပြွန်များက နှစ်ရာကျော်လောက်တော့ရှိမည်။ ငရုတ်နှစ်အဆင်သင့်ဖြစ်ပါက ပြွန်များထဲသိမ်းထားလို့ရပြီပင်။
သိူ့တိုင် ရွှီရန်ကလျိုထုံကို ပုလင်းကြီးတစ်လုံးဝယ်ခိုင်းပြီး ထိုအရာအတွက်ပိုက်ဆံပိုကုန်ပေမဲ့လည်း ငံပြာရည်ကို တစ်နေရာရာမှာ ခဏထားထားရမည်။ ဖန်ဘူးထဲတွင်ထည့်ထားသည့်အတိုင်း ဝါးပြွန်ထဲတိုက်ရိုက်ထည့်လိုက်ပါက အဆင်မပြေနိုင်ပေ။
ငရုတ်သီးကို အမှုန့်ဖြစ်အောင် အရင်ထောင်းထားဖို့ လိုပေမဲ့ ပဲပုပ်ကိုတော့ သူ့သဘာဝအတိုင်းစိမ်ထားနိုင်သည်။ သို့သော်လည်း ဤရွာရှိအခြားမိသားစုများလို သူတို့မိသားစုက ကြိတ်ဆုံကျောက်များ မပိုင်ဆိုင်ပေ။ ပဲစေ့များကြိတ်ခွင့်ရရှိရန် ငွေအကြွေးများပေးနိုင်သော်လည်း သူတို့၏ကြိတ်ဆုံကျောက်များကို မည်သူမျှ မငှါးချင်ကြမည်ကို ရွှီရန်စိုးရိမ်နေမိသည်။
သူကရွာသားများနှင့် သိပ်မရင်းနှီးသောကြောင့် လျိုထုံက ဒီအတွက်တာဝန်ယူလိုက်ရသည်။
ထို့အပြင်၊ သူ့တို့တွင် ကြိတ်စရာများစွာရှိနေသည်ဟု အခြားသူများ၏သံသယများ များပြားလာလိမ့်မည်။ ရုတ်တရက်ဆိုသလိုပဲ ထိုကြိတ်စုံကို ရွှီရန်သူ့ဘာသာသူ ရိုးရိုးရှင်းရှင်း ပြုလုပ်ချင်စိတ်ပေါ်လာသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာက မည်သို့ပြုလုပ်ရမည်ကို သူမှတ်မိသေးသည်။
သူတို့မှာ ကိုယ်ပိုင်ကြိတ်ဆုံကျောက်ရှိလျှင် သူတို့ လိုချင်သလောက် ကြိတ်လို့အဆင်ပြေသွားမည်။ ထို့အပြင် သူတို့ဆီ လာလည့်မည့်ဧည့်သည်မရှိတာကြောင့် ကြိတ်ဆုံကို မည်သူမျှ ရှာတွေ့မည်မဟုတ်ပေ။
*****
ရွှီရန်က စိတ်ထဲမှာသာထားလိုက်သည်။ နောက်နေ့တွင် လျိုထုံက ထန်ထန်နှင့်ကော်ကော်ကို ဝူမိန်အိမ်သို့ပို့လိုက်ပြီး ဝူမိန်တို့ကိုသူ့ကလေးနှစ်ယောက်အား ကြည့်ထားပေးရန်တောင်းဆိုလိုက်သည်။ သူနှင့်ရွှီရန်ကတော့ ကျောက်တုံးအချို့ကို ရှာဖွေရန် ကိရိယာများသယ်ဆောင်ပြီး တောင်ပေါ်သို့ တက်ခဲ့ကြသည်။ ဆောက်မရှိရင် တော်တော်အဆင်မပြေဖြစ်ပေမယ့် ပုဆိန်နဲ့တော့ တူးလို့ရသေးသည်။ လျိုထုံက ရွှီရန်လိုအပ်သလို လုပ်နိုင်တယ်ဆိုတဲ့ကတိက ရွှီရန်အဖို့ သက်သာရာရစေသည်။
YOU ARE READING
Transmigration: The Farm Life Of A "Fool" (Hiatus)
Historical FictionXuRanသည် ဘွဲ့ရပြီးနောက် companyတစ်ခုတွင် နှစ်နှစ်ကြာ အလုပ်ဝင်ခဲ့သည်။ ရာထူးတိုးဖို့အခွင့်အရေးရလာတဲ့အချိန်မှာပဲ သူဟာလှေကားပေါ်ကနေ မတော်တဆပြုတ်ကျခဲ့ပြီး အခြားကမ္ဘာမှ သူနဲ့နာမည်တူအမျိုးသားရဲ့ ခန္ဓာကိုယ်ထဲ ဝိဉာဉ်ကူးပြောင်းခံလိုက်ရသည်။ အံ့ဩစရာတစ်ခုက သူဝိဉ...