CTD - 4 (Unicode)

23.6K 1.9K 145
                                    

အပိုင်း (၄)

Fresher welcome အတွက် သီချင်းလေ့ကျင့်ရန် သူတို့အားလုံး သီးသန့် အခန်းထဲကို ရောက်နေကြသည်။ ညီမိုးယံကတော့ ဂီတာတစ်လတ်ဖြင့် တဒင်ဒင်တဒေါင်ဒေါင် အစမ်း တီးခတ်ကြည့်နေသည်။ ဒေါင်းသက်ညိုကတော့ ထုံးစံအတိုင်း ဖုန်းသုံးလျှင် သုံး၊ မသုံးလျှင်လည်း ညီမိုးယံကို လှမ်းကြည့်လျက်သာ ရှိသည်။

" ညီ ငါတို့ ဘာ သီချင်းဆိုကြမှာတုံး"

" မင်းမှမင်းပဲ..."

"ဟမ်"

" လေးဖြူရဲ့ မင်းမှမင်းပဲလို့"

" ဪ အဲ့ဒီသီချင်း ကောင်းတယ်"

" မောင်လေးတို့ရေ..."

သူတို့နှစ်ယောက်စကားပြောနေစဉ် မကြီးရွှေလဝင်းတို့အုပ်စုသည် အခန်းထဲတောင် မရောက်သေး အသံကို အရင်ပေးသည်။ အသံကြားပြီး တစ်အောင့်လောက်ကြာမှ အခန်းထဲသို့ ပျာပျာသလဲ ဝင်လာသည့်သူတို့အုပ်စုကို တွေ့ရသည်။

" ဘာသီချင်းရွေးထားကြတုံး"

" လေးဖြူရဲ့ မင်းမှမင်းပဲ"

" ဝေါင်း! မိုက်တယ်ဟေ့!"

" ဒါနဲ့ ဒီသီချင်းက ရိန်း ရွေးတာလား၊ ဒေါင်း ရွေးတာလား"

" ညီ ရွေးတာ"

ဒေါင်းသက်ညိုက ထပြောလိုက်တော့ ထိုအစ်မကြီးများက ဝိုးခနဲ ဖြစ်သွားကြပြန်သည်။

" ဒါဆို ဒေါင်းလေးက ရိန်းရဲ့ဦးဆောင်မှုနောက်ကို လိုက်တယ်ပေါ့"

အစ်မသဲလစုက ဝင်ဖောက်လာပြန်တော့ ညီမိုးယံလည်း ဒေါင်းသက်ညိုကို ပြုံးလျက် လှမ်းကြည့်လိုက်ပြီး

" အဲ့သည့်လိုပဲ အသက်က ကျွန်တော့်ရဲ့ရွေးချယ်မှုကို အမြဲ ခေါင်းညိတ်နေကျဗျာ့" ဟု ဆိုလိုက်၏။

" အမလေး...အမလေး...ငါတော့ အခု fic တစ်ပုဒ်ကို live action တွေ့နေရသလို ပါပဲလား"

" ချိုလဆွေ နင် fic တွေ ဖတ်တာလျှော့သင့်ပြီ"

" နင် သိလား၊ ငါ မိုးမလင်းအင်ပါယာထောင်တော့မယ်ဆိုတာ"

အစ်မချိုလဆွေက ဆက်ပြောတော့ အစ်မအိလဖြိုးကပါ အလျှင်အမြန် ဝင်ပြောသည်။

CTD [Completed]Where stories live. Discover now