CTD - 11 (Unicode)

17.3K 1.3K 65
                                    

အပိုင်း (၁၁)

ဒေါင်းသက်ညိုတစ်ယောက် မန္တလေးဈေးချိုကို ရောက်နေသည်။ ဝတ်စားထားပုံကလည်း အင်္ကျီအနက်အကွက်ကို အောက်က ဂျင်းပွအပြာနှင့် ပေတီတီခပ်စုတ်စုတ်ဒီဇိုင်း။ အင်္ကျီရင်ဘတ်ထဲမှာ အထုပ်တစ်ထုပ်ကို ထည့်ထားပြီး လက်ဖက်ရည်ဆိုင်ထဲသို့ ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်း၍ ဝင်လာခဲ့သည်။

လက်ဖက်ရည်တစ်ခွက်မှာပြီး ခုံပေါ်က သတင်းစာကို လှမ်းယူ၍ ခြေချိတ်ထိုင်လိုက်သည်။ သိပ်မကြာခင် အတောအတွင်း စားပွဲထိုးက လက်ဖက်ရည်တစ်ခွက် လာချပေးသည်။ သူလည်း သတင်းစာကို ဖတ်နေရာကနေ လက်ဖက်ရည်ခွက်ကို ကောက်မလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်၍ တစ်ငုံ,ငုံလိုက်သည်။

" အာ့!"

" ဟာ...အစ်ကို ရရဲ့လား၊ လက်ဖက်ရည်တွေ ပေကုန်ပြီ"

ဘေးဝိုင်းရှိ လူတွေက သူတို့ကို ဘာဖြစ်သလဲဟု လှမ်းကြည့်လာသည်။ ပြဿနာကို သိသွားတော့ သူတို့နှင့် မဆိုင်တာမို့ ဆက်မကြည့်တော့ပေ။ သူ့ကို ဝင်တိုက်သည့် ကောင်လေးဟာ အနားက လူတွေ မမြင်အောင် သူ့ကို wink တစ်ချက် ပြသည်။

" မင်းလည်း စိုသွားတာပဲ"

ထို့နောက် ဒေါင်းသက်ညိုလည်း စားပွဲထိုးလေးကို လှမ်းခေါ်လိုက်သည်။

" ညီလေး အစ်ကိုတို့ အဝတ်တွေလက်ဖက်ရည်ပေသွားလို့၊ အဲ့ဒါ ဆေးချင်လို့"

" အာ...ဟုတ်ကဲ့၊ အနောက်မှာ သန့်စင်ခန်း ရှိတယ်"

" ဟုတ်ပြီ၊ ဟုတ်ပြီ၊ ကျေးဇူးနော်၊ ညီလေး ဒီမှာ ပိုက်ဆံ ထားခဲ့မယ်"

" ဟုတ်ကဲ့ဗျာ့"

ဒေါင်းသက်ညိုက အရင်ဦးအောင် အနောက်သို့ ဝင်သွားလိုက်တော့ သူ့ကို ဝင်တိုက်သည့် တစ်ယောက်ကလည်း ပြုံးပြီး လိုက်လာသည်။ သန့်စင်ခန်းနားသို့ ရောက်တော့ ဒေါင်းသက်ညိုလည်း ခြေစုံရပ်၍ ဘေးဘီကို အကဲခတ်လိုက်သည်။ မည်သူမှ မရှိတာ သေချာတော့မှ ရင်ဘတ်ထဲက အထုပ်ကို ထုတ်လိုက်ပြီး အရှေ့က တစ်ယောက်ကို ကမ်းပေးလိုက်သည်။

သူ့အရှေ့မှ ကောင်လေးကလည်း သူ့ဆီသို့ ဘူးတစ်ဘူး ကမ်းပေးလာသည်။ ထို့နောက် နှစ်ယောက်လုံး အပြန်အလှန် ဖွင့်ကြည့်လိုက်ကြပြီး အထဲက လိုချင်သည့် ပစ္စည်း မှန်ကန်ကြောင်း သေချာတော့မှ ခေါင်းညိတ်ပြ၍ လက်ဖက်ရည်ဆိုင်အနောက်မှ ပြန်ထွက်သွားကြသည်။

CTD [Completed]Where stories live. Discover now