အပိုင်း (၁၇)
လူနေအိမ်ခြေ နည်းပါးသည့်မြေနီလမ်းလေးပေါ်၌ စက်ဘီးလေး တွန်းရင်း လျှောက်သွားနေကြသည့်ကောင်လေးနှင့် ကောင်မလေးတို့ ရှိ၏။ နှစ်ယောက်လုံး၏မျက်နှာများဟာလည်း ပြုံးရွှင်လို့။
" ဟဲ့ ဆည်းဆာ နင် ဘယ်တက္ကသိုလ်တက်မှာလဲ"
" နင်ရော ဘယ်မှာ တက်မှာလဲ၊ ငါ နင်တက်တဲ့ တက္ကသိုလ် လိုက်တက်မယ်လေ"
" အွန်း...ငါ UFL တက်ဖို့ စဉ်းစားထားတယ်"
" ကောင်းသားပဲ ရိပ်ပြာ၊ ငါတို့ တူတူတက်ကြတာပေါ့"
သာမန်မျက်စိနှင့် ကြည့်လျှင်တော့ ကောင်လေးနှင့် ကောင်မလေးဟာ သမီးရည်းစားတွေဟု ထင်ရပေမဲ့ သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကတော့ ငယ်သူငယ်ချင်းများသာ ဖြစ်ကြသည်။ သို့ပေမဲ့ ဆည်းဆာ၏ရင်ထဲမှာတော့ အရွယ်ရောက်လာ၍ ပန်းပွင့်လေးလို လှပနေသည့်ရိပ်ပြာအပေါ်၌ သူငယ်ချင်းထက် ပိုနေမိသည်။
" နင့်အိမ်ရောက်ပြီပဲ၊ ဝင်တော့လေ"
" လိုက်ပို့ပေးတာ ကျေးဇူးပဲ ဆည်းဆာ"
" မလိုပါဘူး၊ သူငယ်ချင်းတွေပဲ"
ရိပ်ပြာလည်း သူ့ကို ပြုံးပြပြီး အိမ်ထဲ ဝင်သွားတော့ သူလည်း စက်ဘီးလေးနင်းရင်း သူ့အိမ်သူ ပြန်လာခဲ့လိုက်သည်။
( ကျွီ...)
" အား!"
သူတို့နေသည့်လမ်းထိပ်အရောက် လမ်းမပေါ်မှ ချိုးကွေ့ဝင်လာသော ကားတစ်စီး၏အရှိန်ကြောင့် ဆည်းဆာလည်း စက်ဘီးကို လမ်းဘေးသို့ ထိုးဆွဲချလိုက်ရာ ချောက်ထဲသို့ ပြုတ်ကျသွားတော့၏။ သူ့လက်ကောက်ဝတ်သည်လည်း အနည်းငယ် နာကျင်သွားရသည်။
" ချာတိတ် ရရဲ့လား"
" အား! ကျွန်တော့်လက်"
" ဟမ်...လက်ထိသွားတာလား၊ ဆောရီးကွာ၊ ကိုယ့်ဒရိုက်ဘာရဲ့အမှားပါ၊ ကိုယ် ဆေးခန်း လိုက်ပို့ပေးမယ်လေ"
" ဟုတ်ကဲ့"
ဆည်းဆာလည်း ငြင်းမနေတော့ဘဲ ထိုလူခေါ်သည့်သူ့ကားပေါ်သို့ လိုက်သွားလိုက်သည်။ ဆေးခန်းရောက်တော့လည်း ဒဏ်ရာကြီးကြီး မဟုတ်ဘဲ အကြောညှပ်ရုံမျှမို့ သူ ကံကောင်းသွားသည်။
ESTÁS LEYENDO
CTD [Completed]