အပိုင်း (၇)
နောက်တစ်နေ့ ကန်တင်းမှာ ညီမိုးယံနှင့် ဒေါင်းသက်ညိုတို့အတူ ထိုင်နေကြသည်။ ဒေါင်းသက်ညိုကလည်း ညီ နေကောင်းခါစမို့ အရိပ်တကြည့်ကြည့် ရှိသည်။ ဖုန်းမကြည့်နှင့် ခေါင်းမူးမယ်ဆိုပြီး ဖုန်းသိမ်းထားသည်။ အစားအသောက်ကအစ သူကိုယ်တိုင် ခွံ့ကျွေးသည်။ ပူနေတာတောင် အနွေးထည် မချွတ်ခိုင်းခဲ့။ လေစိမ်းတွေ တိုက်မယ် နေပူတယ်နှင့် အစစအရာရာ လိုက်ဆူနေတော့သည်။
ထိုစဉ် ဒေါင်းသက်ညိုတို့ ထိုင်နေသည့်ဝိုင်းကို အစ်မရွှေလဝင်းတို့အုပ်စုက ရောက်ချလာကြသည်။
" ဟေး! သတင်းထူးဟေ့!"
" ဘာထူးနေလို့လဲ အစ်မ"
ညီမိုးယံက မေးလိုက်တော့
" IC က ကောင်မလေးတစ်ယောက်လေ အဆောင်မှာ ညဘက်ကြီး လုပ်ကြံခံရလို့တဲ့ အမလေး..."
" ဪ..."
ညီမိုးယံဟာ စကားခံလိုက်ပြီး ဆက်မမေးလေတော့ ဒေါင်းသက်ညိုက ဆက်မေးလိုက်သည်။
" ဘယ်လိုဖြစ်တာလဲ အစ်မ"
" မသိဘူး ဒေါင်းရဲ့၊ လက်တွေရော လျှာတွေရော ဖျက်ခံလိုက်ရတာဆိုပဲ အမလေး...ပြောရင်းဆိုရင်း ကြောက်လိုက်တာ၊ မျက်နှာကိုပါ ဓားနဲ့ ခြစ်ချခံလိုက်ရတာပါဆို"
ဒေါင်းသက်ညိုလည်း အံ့သြသွားမိသည်။ မျက်နှာကို ဓားနှင့် ခြစ်တယ်ဆိုကတည်းက တော်ရုံတန်ရုံ အမုန်းမျိုးမဟုတ်။ သတ်တာထက် နှိပ်စက်တာမျိုးဘက် ရောက်သွားပြီ။
" ဒါနဲ့ ဘာဆက်ကြားသေးလဲ"
" ကောင်မလေးက မသေဘူး"
" ဘာ!"
ညီမိုးယံက ထအော်လိုက်တော့ အကုန်လုံးလည်း လန့်သွားကြသည်။ ညီမိုးယံဟာ သူ့အသံကို ချက်ချင်း ပြန်ထိန်းလိုက်ပြီး ဆက်ပြောလိုက်သည်။
" ဘာကြားခဲ့သေးလဲ"
ညီ့အခြေအနေက သာမန်ရက်တွေနှင့် မတူတာကို ဒေါင်းသက်ညို သတိထားမိသွားသည်။ ညီ့လက်တွေဟာ သိသိသာသာ တုန်နေ၏။
" ကောင်မလေးက နည်းနည်း ရူးကြောင်ကြောင် ဖြစ်နေတယ်၊ စကားကလည်း ပြောမရ၊ စာလည်း ရေးပြမရတော့ ခေါင်းညိတ် ခေါင်းခါပဲ ရတယ်တဲ့၊ ဒါပေမဲ့ ဘယ်သူလုပ်တာလဲဆိုတာ သူ မှတ်မိလားဆိုတော့ ခေါင်းညိတ်တယ်"
YOU ARE READING
CTD [Completed]