အပိုင်း (၁၃)
စာသင်ချိန်ပြီးသွားတော့ တစ်မေဂျာလုံး နဖူးစည်းအနီများ စည်း၍ ပထဝီဆောင်ရှေ့က ဘောလုံးကွင်းဆီသို့ တညီတညွတ်တည်း ချီတက်ကြသည်။ ကိုယ့်မေဂျာက ကန်မှာမို့သာ သွားကြည့်ကြရမှာ နေကလည်း ပူ။ နောက်ပြီး မတ်တတ်ရပ်ကြည့်ရမှာ။ စီနီယာတွေကလည်း မေဂျာအလံများ လွှင့်ပြီး သံစုံတီးမှုတ်၍ ENG ဟု အော်ဟစ်နေကြသည်။
ညီမိုးယံနှင့် ဒေါင်းသက်ညိုတို့ ရောက်သွားတော့ သူတို့ပါ ပေါင်းအော်ဖြစ်ကြသည်။ ဓာတုအသင်းနှင့် ကန်မှာမို့ လူများများလာပြီး အားပေးဖြစ်ကြ၏။
" Who are we?"
" ENG!"
" Who are we?"
" Eng! Eng! ဟေး! ENG!"
စီနီယာတွေက မေး၊ ဂျူနီယာတွေက ဖြေနှင့် ဟုတ်နေကြတာပဲ။
" global စာအုပ် လေပေါ်ပျံ၊ ငါတို့ချန်ပီယံ၊ ဟေ့! global စာအုပ် လေပေါ်ပျံ ငါတို့ချန်ပီယံ"
ဘေးက တချွင်ချွင် တချံချံ တီးနေသည့် သံချပ်အတိုင်း ကျောင်းသူများဟာလည်း Global စာအုပ်ကို ကိုယ်စီမြှောက်၍ အားကြိုးမာန်တက် အော်ဟစ်အားပေးကြသည်။ နဖူးစီးနီနီများကို လက်၌ စည်း၍ ဘောလုံးကွင်း၌ ကာရံထားသော သံဇကာများကို ဆောင့်ဆောင့်ဆွဲပြီး ကွင်းထဲရှိ ဘောလုံးသမားများ မကြားကြားအောင် အော်ဟစ်နေကြသူများလည်း ရှိ၏။
သို့ရာတွင် ဓာတုအသင်းမှ ကစားသမားများကလည်း ခဏခဏ ပစ်လှဲနေပြီး ဒိုင်ကလည်း မျက်နှာလိုက်နှင့် E major အသင်းသားများခမျာ နစ်နာနေရသည်။
" ဟဲ့ ဟိုအကောင် ဒါ ဘောလုံးကွင်းနော်၊ ဆွီးတီးဟုမ်းက မွေ့ရာ မဟုတ်ဘူး၊ ခဏခဏ ပစ်လှဲမနေနဲ့"
" ဒါဘောလုံးကွင်းဟေး! နင့်လင် ရင်ခွင်မဟုတ်ဘူး! ပစ်လှဲပြမနေနဲ့! ဟဲ့ ရွံစရာ!"
" အားပျက်နေရင်လည်း ဘောလုံးဝင်မကန်ကြနဲ့ဟေး၊ ရုပ်ရှင်ရိုက်စား"
မိန်းကလေးတွေကတော့ တကယ့်သတ္တိခဲ။ ထဘီမ,ပြီးကို ရန်တွေ့နေတော့တာ။ ဓာတုမေဂျာမှ ဆရာမတွေကလည်း သူတို့ကို နောက်လှည့်ကြည့်လာပြီး လှောင်နေကြသည်။
YOU ARE READING
CTD [Completed]