CTD - 18 (Unicode)

13.1K 1.1K 146
                                    

အပိုင်း (၁၈)

အဂ္ဂမင်းညို၏နှုတ်ခမ်းထောင့်ကို စိုက်ကြည့်နေရင်း လွန်ခဲ့သည့်နှစ်၂၀လောက်က အကြောင်းတွေကို ပြန်တွေးနေမိသည်။ အဂ္ဂမင်းညိုက သူ့ကို ဘာမှ ပြန်မလုပ်ဘဲ ငြိမ်သက်လျက် ထိုင်နေ၏။

( တီ....)

အဂ္ဂမင်းညိုက ဖုန်းလာတော့ သူ့ရှေ့မှ ထထွက်သွားတော့သည်။ ခဏအကြာ ဝရုန်းသုန်းကားဖြင့် ပြန်ပြေးဝင်လာပြန်သည်။

" ဆည်းဆာ သား..."

" ဒေါင်း ဘာဖြစ်လို့လဲ"

" သား ဆရာမနဲ့ ရန်ဖြစ်လို့တဲ့"

" ဘာ!"

အရင်ကဆိုလျှင် ဒေါင်းသက်ညိုသည် ထင်ထင်ပေါ်ပေါ် နေပြီး ပြဿနာရှာတတ်သည့်လူစားမျိုး မဟုတ်။ တက္ကသိုလ်တက်မှ ချစ်သူရပြီး နောက်ပိုင်း ပြဿနာပေါင်းစုံ သူတို့ လိုက်ရှင်းနေရသည်။

" အခု သွားမှ ဖြစ်မယ်၊ ဒေါင်းက သူ့ချစ်သူနဲ့ပတ်သက်ရင် ထင်ရာစိုင်းတတ်တဲ့ လူမျိုး "

သားကို စိတ်မချတာနှင့် နှစ်ယောက်အတူ သားရှိရာ ကျောင်းဆီသို့ လိုက်ရတော့သည်။

/~/

ကျောင်းသားသမဂ္ဂရောက်မှ အခြေအနေ ပိုဆိုးတော့သည်။ ဆရာမကလည်း ရစ်လိုက်တာမှ လွန်ရော။ နှစ်ယောက်သားကလည်း ဂျစ်ကန်ကန်၊ ပြန်ခံပြောနှင့်။

" မင်းတို့ စဥ်းစားသာကြည့်၊ သူက ငါ့စာသင်ချိန်မှာ ညီက လွဲပြီး ဘယ်သူ့ကိုမှ စိတ်မဝင်စားလို့ ဘာမှ မရေးဘူးတဲ့"

" ဟို... ဆရာမ စိတ်လျော့ပါ၊ သူလည်းရေးချင်တာ ရေးဆိုတော့ ရေးတာ နေမှာပေါ့"

" ဘာ! မင်းတို့ကပါ သူ့ဘက် လိုက်နေတာလား"

" မဟုတ်၊ ကျွန်တော်တို့က ကြီးတဲ့အမှု ငယ်အောင် နားလည်မှုယူလိုက်တာပါ"

ဆရာမနှင့် သမဂ္ဂမှ စီနီယာတို့က အချင်းများနေကြသော်လည်း တစ်ဖက်မှာ ညီမိုးယံကတော့ နီးစပ်ရာ စားပွဲပေါ်မှ စာအုပ်တစ်အုပ်ကို လှမ်းယူ၍ ဒေါင်းသက်ညိုအား ယပ်ခတ်ပေးနေလေသည်။

" ဒီမှာ တစ်ဆိတ်လောက်"

ညီမိုးယံ၏အသံ ထွက်လာတော့ ညှိနှိုင်းနေကြသူတို့သည်လည်း ညီမိုးယံဘက်သို့ လှည့်ကြည့်လာကြသည်။ ထိုအခါ ညီမိုးယံလည်း သွားဖြဲပြလိုက်ပြီး

CTD [Completed]Where stories live. Discover now