[8]

190 32 4
                                    

[Zawgyi]

အခန်းထဲက လေထုမှာ ငြိမ်သက်နေပြီး
အေးစက်နေသည်။

အသက်ရှူသံပြင်းပြင်းတွေကိုသာ ကြားနိုင်
ရမှာဖြစ်ပြီး ကြားထဲကနေ နှာမှုတ်သံသဲ့သဲ့လေးကိုလည်း အကြားအာရုံကောင်းတယ်ဆိုရင်
ကြားနိုင်ဦးမှာပါ။

ဆေးရောင်ဖြူဖြူသုတ်ထားတဲ့ အခန်းရဲ့ ညာ
ဖက် ဆိုဖာခုံ​ပေါ်မှာ ​ကောင်လေး သုံး
ယောက် မျက်နှာထားတင်းတင်းနဲ့ စုထိုင်နေ
တာကို တွေ့ရမှာဖြစ်ပြီး
ကျန်တဲ့တစ်ခြားတစ်ဖက်မှာတော့ ကောင်
လေးနှစ်ယောက်က ကုတ်ကုတ်လေး နဲ့ ပူး
ကပ်ကာ အပြစ်သားတွေအလား ထိုင်နေကြတာကို တွေ့နိုင်မှာဖြစ်တယ် ။

အလယ်မှာတော့ အနီရောင်ရင့်ရင့် King Size မွေ့ရာ ကုတင်တစ်လုံး က ခြားထားသည် ။

သုံးယောက်စုထိုင်နေသည့် အခြမ်းမှ နှစ်
ယောက်ကြားမှ ခန္ဓာကိုယ်သေးငယ်ဟန်ရှိ
သည့် ကောင်လေးက ခါးကိုမတ်ကာ
ခြေထောက်ကို တစ်ဖက်ပေါ်တစ်ဖက် တင်ပြီး
ခြေချိတ်ထိုင်လိုက်သည် ။

Ph ring ~ 📱

ကျယ်လောင်စွာ မြည်လာတဲ့ ဖုန်းမြည်သံက
အေးစက်ပြီး တိတ်ဆိတ်နေတဲ့ အခန်းရဲ့လေထုကို ဦးစွာဖြိုခွဲလိုက်သည် ။

ဖုန်းမြည်သံက ဂျုံအင်ဖုန်းဆီက ဖြစ်နေတာ
ကြောင့်ဆယ်ဟွန်း ဘာမှဝင်မပြောပဲ ငြိမ်သာ
ငြိမ်နေလိုက်သည် ။

ဘေးခုံမှာတင်ထားသည့် ဖုန်းကို ဂျုံအင်
လှမ်းယူလိုက်ပြီး answer ဆိုသည့် စာတန်း
ပြ ထားသည့်ဘက်ကို လက်နဲ့ဖိဆွဲလိုက်ပြီး
ဖုန်းကို နား နဲ့ကပ်လိုက်သည် ။

" ကို ဘာမှမလုပ်ဘူး Ra ~
Baek ... Sehun နဲ့ထိုင်နေကြတာ "

စကားသံက အရှေ့ကအကြည့်စူးစူးကြောင့်
ရပ်တန့်သွားပေမဲ့ အရှေ့ကနဲ့ မတူတဲ့
အမည်နာမတစ်ခုနဲ့ စကားကို ပြန်ဆက်
လိုက်သည်။

တိတ်ဆိတ်နေတဲ့ အခန်းကျယ်ထဲမှာ ဂျုံအင့်ရဲ့ဖုန်းပြောနေသံက ကြီးစိုးနေပြီး ကျယ်
လောင်စွာထွက်ပေါ်နေသည်။

" သူငယ်ချင်းတွေနဲ့လား... "

" မိန်းကလေးတွေချည်းပဲလား Ra ... "

𝙐𝙣𝙚𝙭𝙥𝙚𝙘𝙩𝙚𝙙 𝙇𝙤-𝙫𝙚 // 𝘖𝘯𝘨𝘰𝘪𝘯𝘨 //Where stories live. Discover now