[4]

198 29 1
                                    

(Zawgyi✨🌸)

"Sehun oppa ..."

Jongin တို့ကျောင်းရဲ့ canteen မှာ
ထိုင်ပြီး Jongin တို့အတန်းပြီးမဲ့
အချိန်ကို ဖုန်းသုံးရင်း စောင့်နေတုန်း
သူထိုင်နေတဲ့ စားပွဲရှေ့ကို
မျက်လွှာချကာ ကုတ်ကုတ်လေးရောက်လာပြိး
အသံပေးလာတဲ့ ကောင်မလေးကြောင့်
လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းကို
စားပွဲပေါ်မှာ တင်လိုက်ကာ ပြန်ပြီးကြည့်
လိုက်သည်။

"ပြောလေ ကလေး "

ဒီကောင်မလေးကို Sehun မှတ်မိသည်။
ဟိုတစ်နေ့ကလေးတင် ကျောင်းအဝင်ဝမှာ
Sehun နဲ့တိုက်မိပြီး လဲကျသွားတဲ့
ကောင်မလေး။
အဲ့တုန်းက ခြေထောက်ခေါက်သွားသည်
ထင်သည်။
ထော့နဲ့ ထော့နဲ့ နဲ့ Sehun ကိုတောင်းပန်ပြီး အရှေ့ကနေ သုတ်သုတ်နဲ့ ပြေးသွားလိုက်တာများ မြန်လိုက်တာဆိုတာ။

"ဟိုတစ်နေ့က ခြေထောက်ခေါက်သွားတယ်ထင်တယ် သက်သာရဲ့လား "

"ညီမကို မှတ်မိတာလားဟင် "

Sehun ကမှတ်ညဏ်ကောင်းတော့ အဲ့နေ့
က အဖြစ်အပျက်ကို တကူးတကမှတ်ထားစရာမလိုပဲ မှတ်မိနေလို့ မေးလိုက်ပေမဲ့
ကောင်မလေးက တော်တော်ပျော်သွား
သည်ထင်သည်။

ကောင်မလေးက သူ့လက်ထဲမှာ ကိုင်လာတဲ့
ကိတ်မုန့်သေးသေးလေးကို လက်နှစ်ဖက်နဲ့ စားပွဲပေါ်ကို တင်လိုက်ပြီး
Sehun ရဲ့အရှေ့ကို ဖြည်းဖြည်းချင်းတွန်း
ပို့လာသည်။

"ကိတ်မုန့်လား ကလေး "

Sehun မေးလိုက်တော့ ခေါင်းလေးတစ်
ညိတ်ညိတ်နဲ့ နှုတ်ဖျားကလည်း အသံပိစိ
လေးထွက်လာသည်။

"ဟုတ် "

အရပ်ကလည်းပုပုလေး မျက်နှာလေးက
လည်း ကလေးရုပ်လေးမို့ အခုမှ First year ပဲရှိဦးမည်ထင်သည်။

"ကိုယ်က အချိုမကြိုက်ပေမဲ့ ကလေးပေးလို့ စားလိုက်မယ်နော် "

"ဟို ...ဟို ...သရက်သီးကိတ်လေးပါ
ညီမ ကိုယ်တိုင် အိမ်ကလုပ်လာတာ "

"ကိုယ်တိုင်လုပ်လာတာ ဆိုတော့ စားကောင်းမယ်ထင်တယ် ကိုယ်ကောင်းကောင်းစားပေးပါ့မယ် "

"ပြီး... ပြီးတော့... ပြောစရာရှိသေးလို့ "

ဒီတစ်ခါလည်း ထပ်ပြီးတော့ oppa ကို
ချစ်တယ် ၊
ပြန်ချစ်ပေးပါနဲ့ပဲ အဆုံးသတ်မယ်ဆိုတာ
ကိုမြင်နေတာမို့
ထိုင်နေရင်းနဲ့ Sehun ခေါင်းတောင်ကိုက်လာသည်။

𝙐𝙣𝙚𝙭𝙥𝙚𝙘𝙩𝙚𝙙 𝙇𝙤-𝙫𝙚 // 𝘖𝘯𝘨𝘰𝘪𝘯𝘨 //Where stories live. Discover now