[7]

156 28 3
                                    

[Zawgyi]

ကွန်ဒို ကနေ ပြန်ပြီးကတည်းက  Jongin အပါအဝင် Baekhyun
တို့ကို Sehun ရှောင်နေမိသည်မှာ ယခုဆို
တစ်ပတ်တောင်ပြည့်ပြီ။

ကိုယ့်ကွန်ဒိုဆိုပေမဲ့ pw တွေထိ သိနေကြတဲ့
သူတွေမို့ အထူးတလည်ပြန်သွားမကြည့်
တော့ ။

Baekhyun တို့အပြင်သွားဖို့ ဖုန်းဆက်တိုင်း
မအားလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်
တွင်းအောင်းရင်း Jongin နဲ့ထိပ်တိုက်
မတွေ့မိအောင် ရှောင်ရသည်။

ကျန်တဲ့ သုံး​ယောက်က တစ်​ယောက်တစ်လှည့်ဆီ Sehun ကို တစ်​နေ့သုံးခါလောက် ဖုန်းကို တစ်ဂွမ်ဂွမ်ဆက်နေပေမဲ့ Jongin ကတော့
တစ်ပတ်အတွင်း တစ်ခါမှတောင် ဆက်မလာသည်မို့ Sehun နည်းနည်းတော့ အားငယ်
ချင်သည်။

ဒီသဘောက Sehun ကို သူငယ်ချင်းအနေနဲ့
တောင် သာကြောင်းမာကြောင်းမေးဖို့
နည်းနည်းလေးတောင် စိတ်ထဲမရှိဘူးဆိုတဲ့ သဘောပဲ မဟုတ်လား...

ထိပ်တိုက်မတွေ့အောင် ကိုယ်ကိုတိုင်အရင်
အရင်ကြိုရှောင်ပေမဲ့ ဆယ်ဟွန်းကို ဂျုံအင် 
ဒေါသထွက်နေမလား ၊
ဆယ်ဟွန်းကိုမြင်ရင် ဆွဲထိုးချင်နေမလားဆို
ပြီး ဂျုံအင်ဘာတွေးနေလဲဆိုတာကို သိချင်မိ
သည်။

နောက်ဆုံးတွေ့လိုက်ရတုန်းက သူ့ကိုမြင်လို့
မျက်လုံးနီနီရဲရဲ ဖြစ်သွားတာကို သတိရမိ
သည်။

ဖုန်းလေး တစ်ခါတောင် ဆက်မလာသော
ကြောင့် Kim Jonginဆိုတာ တကယ် စိတ် တိုချင်စရာ ကောင်းသည်။
Oh Sehun ဆိုတဲ့ကိုယ်ကလည်း သူ့ဖုန်းကို
မျှော်နေမယ်ထင်လား...
ဆောတီးပဲ ...စိတ်ကူးထဲတောင်မထည့်ဘူး ။

Jongin က သူ့ကိုဖုန်းမဆက်သလောက် Hera ကတော့ နေ့တိုင်းဆက်နေတာမို့ သူ့
ဖုန်းနံပါတ်မြင်ရင် ချက်ချင်းကို ဖုန်းစက်ပိတ်
လိုက်တဲ့အထိပင် ။

အိမ်က Omma ကတော့ Sehun
တစ်ပတ်လုံးအိမ်ကပ်နေတာမို့  ပြုံးပျော်ပြီး Sehun အကြိုက်
တွေချည်းပဲ အိမ်အကူတွေကို ချက်ခိုင်းသည်။

Appa ကတော့ *မင်းဆိုးနေတာတွေ ငါသိ
တယ် ကျက်ကျက်သတိထား​နေ *ဆိုတဲ့
အကြည့်နဲ့ Sehun နဲ့ထိပ်တိုက်တွေ့လိုက်
တိုင်းကြည့်တာမို့
ထမင်း စားခန်းမှာမျက်နှာချင်းဆိုင်မိရင် Sehun မမြင်ချင်ယောင် ဆောင်လိုက်သည်။

𝙐𝙣𝙚𝙭𝙥𝙚𝙘𝙩𝙚𝙙 𝙇𝙤-𝙫𝙚 // 𝘖𝘯𝘨𝘰𝘪𝘯𝘨 //Where stories live. Discover now