[9]

185 34 6
                                    

[Zawgyi]

မနက်အိပ်ရာနိုးထဲက စိတ်မကြည်ပဲ
အလိုအလျောက် ဒေါသထွက်နေရတာမို့
ဘာလုပ်လုပ် အဆင်မပြေရသည့် ကြားက
အခု ပိုဆိုးနေသည် ။

တစ်စုံတစ်ခု ကစိတ်အနှောင့်အယှက်ပေးနေ
တာမို့ ဆယ်ဟွန်း မျက်ခုံးတွေ ပုံမှန်ထပ်ပိုပြီး
တွန့်ချိုးနေကာ မျက်နှာက သာမာန်နေ့တွေ
ကထက် ပိုပြီး တည်ငြိမ်နေသည် ။

တစ်စုံတစ်ခုက ဘာအရာလဲဆိုတော့ ...

မျက်စိရှေ့မှာ ပလူးနေကြတဲ့ အတွဲတစ်တွဲ
ကြောင့်ဆို ပိုမှန်သည် ။

မတွေ့တာ သုံးလေးရက်လောက်ပဲ ကြာမြင့်
နေပေမဲ့ ဆယ်ဘဝလောက် မတွေ့ရသည့်
ပုံစံမျိုးနဲ့ ဟယ်ရာ့ကို သူ့ပေါင်ပေါ်
ဇွတ်တင်ထားသည့် ဂျုံအင့်ကြောင့်ပင် ။

ဂျုံအင်က ဟယ်ရာ့ကို ဂရုစိုက်နေတာမြင်ရင်
ဘာကြောင့်မှန်းမသိ အလိုလိုဒေါသထွက်
လာရပြီး မျက်မှောင်ကြုံ့မိတော့သည် ။

ဂျုံအင်တစ်စုံတစ်ယောက်ကို ချစ်ပြနေသည့်
ပုံရိပ်က ဆယ်ဟွန်းကို အကြောင်းရင်းမရှိ
ဒုက္ခပေးလွန်းပါသည် ။

" စာမေးပွဲနီးနေပြီနော် နင်တို့စာရပြီလား "

ဂျုံအင့်ပေါင်ပေါ်က ဟယ်ရာက ဂျုံအင့်လည်
ပင်းကို လက်နှစ်ဖက်နဲ့ချိတ်ထားကာ ဆယ်
ဟွန်းကို တည့်တည့်ကြည့်ပြီး ပြော
လာသည်မို့ ဆယ်ဟွန်းသိသိသာသာပင်
အကြည့်လွှဲလိုက်သည် ။

" နင့်လို ဟိုက်ပါကြီးမဟုတ်တော့ နည်းနည်း
စိုးရိမ်ရပေမဲ့ ဆယ်ဟွန်းက သူဂိုက်လုပ်ပေး
မယ်တဲ့ "

ဘတ်ဟျွန်းပြောလိုက်တဲ့စကားကြောင့်
ဆယ်ဟွန်းချက်ချင်း မျက်လုံးပြူးသွားသည်။

သူဘယ်တုန်းက ဘတ်ဟျွန်းတို့ကို စာပြပေး
မယ်လို့ပြောဖူးလို့လဲ။

မှတ်ညဏ်ကို ပြန်ခေါ်တော့လည်း မရှိတာ
ကြောင့် ဒင်း နှစ်ကျပ်ကွက်နင်းနေပြီဆိုတာ
ဆယ်ဟွန်းသိလိုက်ပြီ ။

တကယ်လို့သူမသိလိုက်တဲ့အချိန်မှာ စာပြ
ပေးမယ်လို့ မှားပြောမိခဲ့ရင်တောင် သူတို့
စာတွေနဲ့ UK က စာတွေနဲ့က တူမှမတူတာ ။

𝙐𝙣𝙚𝙭𝙥𝙚𝙘𝙩𝙚𝙙 𝙇𝙤-𝙫𝙚 // 𝘖𝘯𝘨𝘰𝘪𝘯𝘨 //Where stories live. Discover now