(Zawgyi✨🌸)
အိပ်မက်ထဲမှာ ကောင်မလေးတွေနဲ့ Sehun
ပျော်ပါးနေတုန်း ခေါင်းကိုက်လာတာမို့
အိပ်မက်ကနိုးလာပြီး မျက်လုံးနှစ်လုံးရဲ့
မျက်ခွံတွေက လေးပင်စွာ
အရင်ဦးဆုံး ပွင့်လာသည်။ပထမဆုံးလုပ်မိသည့်အလုပ်က
ကုတင်ဘေးမှာ တင်ထားတဲ့ နာရီလေးဆီသို့ ခေါင်းစောင်းရင်း အကြည့်ပို့လိုက်သည်။ နာရီလက်တံက နံပါတ် ၅ ကို
ညွှန်ပြနေတာကြောင့် ကြည့်ရတာ
omma ကသူ
နှစ်နှစ်ချိုင့်ချိုင့်အိပ်နေတာကိုမြင်ပြီး
မနှိုးသွားတာပဲဖြစ်ရမယ်။ညနေ ၅နာရီတောင်ထိုးနေပြီမို့
မနက်စာ နေ့လည်စာရော
မစားရသေးတာမို့ အောက်ထပ်မှာ
ညစာသွားစားရင်ကောင်းမလားဆိုပြီး
ဦးနှောက်က ခပ်မြန်မြန် တွေးလိုက်သည်။အရင်ဆုံး ခန္ဓာကိုယ်ကို သန့်ရှင်းအရင်လုပ်ရဦးမှာပဲ ။
မနက်ထဲက ရောက်တာနဲ့ အခန်းထဲဝင်လာပြီး အိပ်နေတာကြောင့် တစ်နေလုံး ရေမချိုးရသေး။လူကလည်း တစ်ကိုယ်လုံး နှုံးချိနေပြီး
အသားတွေက စေးကပ်ကပ်ဖြစ်နေသည်မို့
ရေချိုးသန့်စင်ဖို့က ပထမဦးဆုံးလုပ်ရမည့် အလုပ်။ဒုတိယမြောက် sehun ခေါင်းထဲ
ဝင်လာတဲ့ အကြောင်းအရာက sehun ရဲ့
သူငယ်ချင်းအသစ်စက်စက်လေး
Kim Jong-in ။သူတို့ရော ဒဏ်ရာ သက်သာရဲ့လား....
သူတို့ကတော့ ဖြစ်နေကြဆိုတော့
ဒီလောက်လေးကတော့ မှုမယ်မထင်ဘူး။ Sehun ကတော့ အခုထိ နှုတ်ခမ်းပေါ်က
ဒဏ်ရာက စပ်ထဖျဉ်းဖျဉ်းလေး ဖြစ်နေတုန်းပဲ ။ပါးကလည်း အခုထိ ရောင်နေတုန်း ၊
သူတို့နဲ့သာငယ်ငယ်လေးထဲက
ပေါင်းမိပြီးကြီးပြင်းလာမယ်ဆိုရင်
Sehun ဘဝရဲ့ တစ်ဝက်လောက် ကဆေးရုံနဲ့ ရဲစခန်းမှာပဲ အချိန်ကုန်နေလောက်မည်။UK မှာ ငယ်ငယ်လေးထဲက တစ်ယောက်တည်းသွားနေခဲ့ရပြီး
အခုချိန်ထိသူငယ်ချင်းမထားပဲ တစ်ယောက်ထဲ ထင်ရာဆိုင်းလို့ ကျောင်းပြီးတာနဲ့
Korea ပြန်လာရမယ္ဆိုၿပီး
အခေါ်တော်ဆင့်
ခေါ်ခံလိုက်ရလို့ ပြန်လာမှပဲ သူနဲ့လိုကျဖကျညီတဲ့ သူငယျခငျြးတှကေိုတွေ့လိုက်ရသည်။
YOU ARE READING
𝙐𝙣𝙚𝙭𝙥𝙚𝙘𝙩𝙚𝙙 𝙇𝙤-𝙫𝙚 // 𝘖𝘯𝘨𝘰𝘪𝘯𝘨 //
Fanfiction𝙄 𝙇𝙊𝙑𝙀 𝙔𝙊𝙐 𝙎𝙒𝙀𝙀𝙏𝙄𝙀 𝙊𝙝 𝙎𝙚𝙝𝙪𝙣 𝙓 𝙆𝙞𝙢 𝙅𝙤𝙣𝙜𝙞𝙣 Cover by @byunasunapark00