Plot ပြောင်းလိုက်တဲ့အတွက် ဖတ်မယ်ဆို အပိုင်း (1) ကနေ ပြန်ဖတ်ပေးကြပါရှင့် ❤
(Zawgyi✨🌸)
Sehun အဖြစ်က ရောက်ရောက်ချင်း ရင်ဝကို ဆူးချွန် နဲ့ ဆောင့်ထိုးခံလိုက်ရသလိုဖြစ်ျနေသည်။ Party ပြီးတဲ့နောက်တစ်ညပဲ Jongin တို့ခေါ်ရာ ချိန်းပွဲရှိတဲ့နောက် ကိုသူလိုက်ခဲ့သည်။
ဘာကြောင့်ဖြစ်ရတာမှန်း ရေရေရာရာ မရှိသည့်ရန်ပွဲကို sehun ဘာမသိညာမသိ လိုက်ပါလာခဲ့ရသည်။
လမ်းကြိုလမ်းကြားတစ်နေရာမှာ ကားကို
ကိုယ်စီအစဉ်လိုက် အလျားလိုက်ထိုးရပ်ထားပြီး ညအေမှာင်ဖြစ်သည့်အတွက် ရှင်းရှင်းလင်းလင်းမြင်ရအောင် စီးလာတဲ့ကားအကုန်ကို စုံမီးတွေဖွင့်ထားလိုက်သည်။ငါးယောက်လုံး ကားပေါ်ကဆင်းပြီး တစ်ဖက် ကသူတွေကို စောင့်နေကြသည်။ Jongin တို့လက်ထဲမှာ တုတ်ကိုယ်စီကိုင်ထားကြတာမို့ သူလည်း တွေ့ရာတုတ်ကို ကောက်ကိုင်လိုက်သည်။
၁၀မိနစ်ကြာသည့်တိုင် ရောက်မလာသည့် တစ်ဖက် ကလူကြောင့် sehun ဒေါသတစ်ဖြည်းဖြည်းထွက်လာရသည်။ အချိန်မတိကျတာကို အမုန်းဆုံးပဲ ။စောက်စည်းကမ်းမရှိတဲ့ သူတွေလို့ တွေးလိုက်သည်။
လမ်းကြိုလမ်းကြားတစ်နေရာမို့ sehun စိတ်တွေက ပိုဆိုးလာသည်။ အသန့်အပြန့်အလွန်ကြိုက်သော oh sehun နဲ့ ယခုလို လမ်းကြိုလမ်းကြာဟာ လုံးဝမအက်စက်ကြောင်း ထိုနေရာမှာပင် သိလိုက်ရသည်။
Sehun တို့ဘက် ကလူက စုစုပေါင်း 5ယောက် ဟိုဘက်ဖွဲ့က လူဘယ်ယောက်လဲလို့ baekhyun ကိုမေးလိုက်တော့ 20 တဲ့ အဲ့ထိ sehun ဘာမှမဖြစ်သေးဘူး
ဟိုဘက်အဖွဲ့က လူတွေရောက်လာတဲ့အခါမှာ 5 ယောက် ကလွဲရင် ကျန်တဲ့သူတွေက ကပ္ပလီ ဖြစ်တဲ့အပြင်ကို body တောင့်တောင့်တွေနဲ့ မို့ sehun နိုင်ပါ့မလားလို့ စိုးရိမ်လိုက်မိသည်။
ကျန်တဲ့လေးယောက်လုံးကိုကြည့်လိုက်တော့ ဘာမှမဖြစ်သလို မျက်နှာပေါက်တွေနဲ့မို့ sehun လည်း တစ်ဖက် ကလူတွေကို ပြန်ကြည့်ပြီး sehun ကို ဒီလို လမ်းကြားထဲမှာ ကြာကြာစောင့်ခိုင်းရမလားဆိုတဲ့ စိတ်နဲ့ အနားလာတဲ့ကောင် အသေကြုံးမယ်ဆိုပြီး ဆုံးဖြတ်လိုက်သည်။
YOU ARE READING
𝙐𝙣𝙚𝙭𝙥𝙚𝙘𝙩𝙚𝙙 𝙇𝙤-𝙫𝙚 // 𝘖𝘯𝘨𝘰𝘪𝘯𝘨 //
Fanfiction𝙄 𝙇𝙊𝙑𝙀 𝙔𝙊𝙐 𝙎𝙒𝙀𝙀𝙏𝙄𝙀 𝙊𝙝 𝙎𝙚𝙝𝙪𝙣 𝙓 𝙆𝙞𝙢 𝙅𝙤𝙣𝙜𝙞𝙣 Cover by @byunasunapark00