세1화 (ZAW)

372 22 43
                                    

ချန်းယောလ် Luggage နှစ်လုံးကို ကားနောက်ဖုံးထဲ ထည့်လိုက်တယ်။ ပြီးတော့ သူလည်း ကားပေါ်တတ်ထိုင်လိုက်ပြီး အိမ်ပေါ်က ဆင်းလာမည့် သူရဲ့မွေးမိခင်နဲ့သူ့အမျိုးသားလေးကို စောင့်နေလိုက်တယ်။

အကြောင်းကတော့ ဂျပန်မှာ စီးပွားရဲ့တိုးချဲ့နေတဲ့ ယောင်္ကျားဖြစ်သူကို  လွမ်းလှ၍ လိုက်သွားမည့်မိခင်ကို လေဆိပ်ကို လိုက်ပို့ရခြင်းဖြစ်၏။

မိခင်ကို လေဆိပ်လိုက်ပို့ပြီးရင် ဂျောင်ဆူးကို ပန်းဆိုင်ကို လိုက်ပို့ပေးရမည် ။ ပြီးမှ သူ့အလုပ်ကို ခရီး ဆက်ရမည်။ ဟိုရောက်ရင်လည်း သူမှာ အလုပ်တွေကို တန်းစီးလို့ !

ဒါကို မသိသည် အလားး ?အိမ်ပေါ်က အခုထိ မဆင်းလာကြသေး ! စိတ်မရှည်တဲ့အဆုံး ကားတံခါးဖွင့်၍ ဆင်းလိုက်တော့  ချန်းယောလ် ချက်ချင်း မျက်မှောက်ကြုံတ်မိသည်။ သူရဲ့အမေက ဂျောင်ဆူးလက်တွေကို ဆုပ်ကိုင်လို့ ကားရှိရာ တစ်လမ်းချင်းးးးး လျှောက်လာနေသောကြောင့်ဖြစ်သည်။

^အမေကလည်းဗျာ ဘာလို့  ဒီလောက်ကြာနေရတာလဲ^

ဆူပုတ်ပုတ် သူ့စကားကြောင့် ဂျောင်ဆူး အနည်းငယ် ပြုံးနေသလားလို့။သူ စိတ်ထင်နေတာပဲ ဖြစ်နိုင်၏။ဒီကောင်လေးက သူနှင့်ပတ်သတ်ရင် ဘယ်တုန်းကမျှ ပြုံးရယ်ခြင်း မရှိခဲ့ပါ။

^ဟဲ့ ချန်းယောလ် ! နင် ဘာတွေ လောနေရတာလဲ^

^သား အလုပ်နောက်ကျတော့မယ်ဗျ !^

^နင် အလုပ်သရဲ?ချန်းယောလ်!
ငါမရှိတုန်း ငါ့သားလေးကို အနိုင်ကျင့်ဖို့ မစဉ်းစားနဲ့ နော်^

မွေးမိခင်က သူကို လက်ညှိုးတထိုးထိုးဖြင့် ကြိမ်းမောင်းသည်။

သူမ၏ မွေးစားသားဂျောင်ဆူးကို ချန်း‌ယောလ်နဲ့ လက်ထပ်ပေးဖို့ ပူဆာခဲ့ဖူးသည်။သို့သော် ဂျောင်ဆူးရဲ့သဘော ဆန္ဒ မပါဘဲ 
မလုပ်ပေးနိုင်ဟုဆိုကာ  ချန်းယောလ်ကို ခါးခါးသီးသီးငြင်းခဲ့၏။ ထို့ကြောင့် ဂျောင်ဆူးဆေးမိတာကို  အကြောင်းပြကာ အသိမ်းပိုက်ပစ်ခဲ့၏။ ဒါကို မွေးမိခင်က သူမ၏သားငယ်ကို အနိုင်ကျင့်ပါတယ်ဆိုကာ သူကို တစ်ပတ်လောက် မခေါ်မပြောနေခဲ့၏။ချစ်လို့ မရ ,ရတဲ့နည်းဖြင့် ရအောင်ယူခြင်းသာ။သူ အနိုင်ကျင့်တာ မဟုတ်ရပါ။

사랑해 또 사랑해Where stories live. Discover now