^ဝေါ့^
ကားတံခါးဖွင့်အသံနှင့်အတူ ဂျောင်ဆူးအန်သံက တစ်ဆက်တည်းဖြစ်၏။ကားပေါ်က အမြန်ဆင်းကာ ဂျောင်ဆူးကျောပြင်ကို ထုပေးရသည်။
^သက်သာလား^
^ဖယ်^
အန်လိုက်တာမို့ အမူးပြေသွားတဲ့ကောင်လေးက သူကို တွန်းတိုက်ပြီး အနည်းငယ်ယိုင်နေတဲ့ခြေလှမ်းတွေနှင့်အတူ အိမ်ထဲ ဝင်သွား၏။သူမှာ အခုထိ ရပ်နေဆဲ။မူးနေတုန်းက ယောင်္ကျားပါးစပ်ကမချဘူး။အမူးပြေသွားတော့ ယောင်္ကျားကို အဖက်မလုပ်တော့ပြန်ဘူး။သူ့အမျိုးသားလေးကလေ အမျိုးမျိုး တတ်နိုင်တယ်။
^ဖယ်!မင်းက ငါအပေါ် သစ္စာရှိတဲ့သူ မဟုတ်ဘူး^
ယိုင်နဲ့နဲ့ အပေါ်ထပ်ကိုတတ်သွားတာမို့ လှေကားလေးထစ်မြှောက်လောက်မှာ သူအပြေးသွားထိန်းပေးစဉ် ဂျောင်ဆူးဘက်က ထွက်ကျလာသည့်စကားပင်။
^ကိုယ်က....ကိုယ်က မင်းနဲ့လက်ထပ်ပြီးကတည်းက ဘယ်သူနဲ့မှ သစ္စာမဖောက်ခဲ့ဘူး!^
သူကို စွပ်စွဲလာတဲ့ဂျောင်ဆူးကြောင့် ဝမ်းနည်းမိသလို ဒေါသလည်း ထွက်ရ၏။ဂျောင်ဆူးကသာ အစ်မဟေအင်းနဲ့ ။တောက်ခ်! သူဒေါသကို ဂျောင်ဆူး စွနေတာ!သူမေ့ထားတဲ့အရာကို ဂျောင်ဆူးက အစပြန်ဖော်နေတာ။
^မင်းသိလား!မင်း မဟုတ်တဲ့ တစ်ခြားတစ်ယောက်ကို နမ်းဖို့တောင် မပြောနဲ့!လက်ဖျားနဲ့တောင် ကိုယ် မထိဘူး^
^..……^
သူ့စကားကို ခနဲ့တဲ့ဂျောင်ဆူးမျက်နှာလေး။သူအား ပိုဒေါသထွက်စေ၏။
^မင်းကိုလည်း ကိုယ်ဘယ်တော့ကမှ သစ္စာမဖောက်ခဲ့ဘူး^
သူ့စကားကို မကြားဟန်ဆောင်ကာ လှေကားထစ်တွေအတိုင်း တတ်သွားတဲ့ဂျောင်ဆူးဟာ အခုဆို လှေကားထိပ်ရောက်နေပြီ။သူက အခုထိ ထိုနေရာမှာ ရပ်နေဆဲ။ဂျောင်ဆူးဆီ သူလှေကားထစ်တွေအတိုင်း လျှောက်သွားဖြစ်သည်။ပြီးနောက် ဂျောင်ဆူးကိုယ်လေးကို သူဘက် ဆွဲလှည့်လိုက်ပြီး ဂျောင်ဆူးမျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။.
^ပြီးတော့ မင်းကပဲ ကိုယ်ကို သစ္စာဖောက်ခဲ့တာ!^
မျက်ရည်တသွင်သွင်ကျစီးလျက် အောက်နှုတ်ခမ်းကို ဖိကိုက်ထားတဲ့ဂျောင်ဆူးရဲ့ပုံစံလေးကြောင့် သူ့နှလုံးသားအိမ် နာကျင်ရ၏။ထိုစကားပြောမိတာကို နောင်တရ၏။အစ်မဟေအင်းလည်း ကိုရီးယားမြေမှာ ရှိတော့တာမဟုတ်ဘူး။သူက မသိချင်ယောင်ဆောင်ပြီး နေလိုက်ရရင် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားမှာ...အခုတော့ သူ အပိုစကားတွေ ပြောမိသွားပြီ။
YOU ARE READING
사랑해 또 사랑해
Fanfictionချစ်တယ်။စက္ကန့်တိုင်းပိုတိုးလာတဲ့ အချစ်တွေနှင့်အတူ ထာဝရအတွက် မင်းကိုပဲ ချစ်ပြီးရင်း ချစ်နေမယ်။ Chansoo Fic _ 2🍎 ×2 Complete (1) 🍁