세6화 (UNI)

457 73 22
                                    

အလုပ်ပိတ်ရက်မှာ ချစ်ရတဲ့သူနဲ့ အတူတူအိမ်မှာနေပြီး ချစ်ကြည်နူးချင်‌ပေမဲ့ ဂျောင်ဆူးက သူလိုမဟုတ်။တစ်နေကုန် ခြံထဲစိုက်ထားတဲ့ ပန်းတွေနဲ့သာ အချိန်ကုန်ဆုံးသည်။ဒီနေ့တော့ ဒီရက်တွေလို
အဲ့ပန်းတွေနဲ့ ဂျောင်ဆူး အချိန်ကုန်လို့မရတော့ဘူး။သူလက်ဦးမှုအရင် ယူရမယ်။

^ဟိုင်း ! ချန်းယောလ်^

ခဲထားသမျှ မခေါ်ဘဲ ရောက်လာသည့် ဧည်သည့်ကြောင့် သူမှာ ရင်တွေမောရသည်။
အစ်မဟေအင်းက သူအား လက်က‌လေးပြလျက်နှုတ်ဆက်လာသောကြောင့်ဖြစ်၏။စောစောစီးစီး အိမ်လည်လာတဲ့ဧည်သည့်မျိုး သူ့တစ်သက် ဒါပထမဆုံးမြင်ဖူးခြင်းပင်။ဘေးနား နေရာလွတ်တွေရှိပေမယ့် ဂျောင်ဆူးဘေး၌သာ ပူးကပ်ထိုင်လိုက်တယ်။

^အစ်မဟေအင်း ဘယ်တုန်းက ပြန်ရောက်တာလဲ^

ဒါသူသိသည်။သို့သော် မသိဟန်ဆောင်လျက်ပါ။

^အရင် တစ်ပတ်က^

^ဘယ်တော့လောက် ပြန်မှာလဲ^

ဒါ သူအသိချင်ဆုံးမေးခွန်း။

^မပြောတတ်ဘူး~မပြန်ဖြစ်တာလည်း ဖြစ်နိုင်တယ်^

ပုခုံးလေးကို တွန့်လျက် ဟန်ပါစွာ ပြန်ဖြေလာသည့် အစ်မဟေအင်းကြောင့် သူယောင်ရမ်း၍
သူ့ဘေးမှာ ဂျောင်ဆူးကို ကြည့်မိသည်။

^ချန်းယောလ် မင်း!မျက်နှာလည်း မသစ်ရသေးဘူး မဟုတ်လား^

မိန်းကလေးတစ်ယောက်ရှေ့ ဂျောင်ဆူးထိုစကားဆိုလာတာ သူ မရှက်ပါ။သဝန်တိုမိတာတော့ သူ ဝန်ခံရမည်။အခု ဂျောင်ဆူးက သူကို နှင်ထုတ်နေတာလား။မဟုတ်မှ အစ်မဟေအင်းနဲ့ နှစ်ယောက်တည်း သူမသိအောင် ဘာများပြောကြမလို့လဲ။

^ဟင့်အင်း!ငါ မသစ်ချင်သေးဘူး^

^ချန်းယောလ်က တို့နဲ့တွဲခဲ့တုန်းကလိုပဲ ဂျစ်ကျနေတုန်း^

ခိုးခိုးခစ်ခစ်ရယ်လျက် ဆိုလာသည့်အစ်မဟေအင်းရယ်ပါ။ဂျောင်ဆူးဆို မျက်နှာလေး ချက်ချင်းတည်သွားတာပဲ။အခုထိ အစ်မဟေအင်းအပေါ် ဂျောင်ဆူးခံစားချက်ရှိနေတုန်းရှိတာ သူသိပေမဲ့ ဝမ်းနည်းရသည်။

사랑해 또 사랑해Where stories live. Discover now