ဒီနေ့ သူ့အတွင်းရေးမှူးအီက ဒိတ်လုပ်ဖို့ ခွင့်ယူကာ အလုပ်စောစောဆင်းသွား၏။အမှန်တော့ အလုပ်တွေ ပုံနေတာမို့ ခွင့်မပေးချင်ပါ။သို့သော် ခွင့်မပေးရင် ဝဋ်လည်လိမ့်မယ် ဆိုကာ တစ်ချိန်လုံး ပွစိပွစိနဲ့ပြောနေတဲ့ အတွင်းရေးမှူးအီကြောင့်သူကြောက်လန့်၍ ခွင့်ပေးရခြင်းပင်။
ည၈နာရီထိ သူမှာ အိပ်မပြန်ရသေး။ဂျောင်ဆူးကိုလည်း အလုပ်မရှိ၊အကိုင်မရှိ၊အားနေတဲ့ဆယ်ဟွန်းကို သွားကြိုခိုင်းရ၏။အဆိုးလေး ဂျောင်ဆူးဟာ သူဆီအိမ်ပြန်ရောက်ကြောင့် စာတောင် မပို့ဘူး။ဆယ်ဟွန်းသွားကြိုတာမို့ အိမ်ပြန်မရောက်စရာအကြောင်းမရှိပါ။ထို့ကြောင့် သူလည်း ကြံဖန်၍ စိတ်မပူတော့ဘဲ အလုပ်ပဲ အာရုံစိုက် လုပ်နေလိုက်တယ်။
သူ့ဖုန်းရဲ့မတ်ဆေ့ခ်ျဝင်သံကြောင့် ကွန်ပျူတာကီးဘုတ်ပေါ်ပြေးလွှားနေတဲ့ သူ့လက်တို့ရပ်သွားပြီးသူ့ဖုန်းအား ယူကြည့်တော့ သူ့သွေးတွေ အထက်အောက် စီးဆင်းသွားသလို ခံစားရသည်။
သူ့အတွင်းရေးမှူးပို့လိုက်တဲ့အပုံဟာ ဂျောင်ဆူးနဲ့ဆယ်ဟွန်း အရက်ဆိုင်တွင် မူးရူးမှောက်နေသည့်ဓာတ်ပုံဖြစ်၏။ဒီအချိန်ထိ အရက်ဆိုင်မှာ သောင်တင်ပြီး မူးနေရတယ်လို့ ။ဆယ်ဟွန်းနဲ့မလို့ စိတ်ချရမလား မှတ်ပါတယ်။ပိုတောင် ဆိုးနေသေး။ဘာမှတွေးမနေတော့ဘဲ ကားသော့ကို ဆွဲယူပြီး သူ ထွက်လာသည်။ဆူဟိုဟျောင်းကိုလည်း ဖုန်းဆက်ကာ အကျိုးကြောင်းပြောပြီး လိပ်စာပို့ရသည်။သူတစ်ယောက်တည်း အရက်သမားနှစ်ယောက်ကို မနိုင်ဘူးလေ။
ဟိုရောက်တော့ သူထက်အရင်ရောက်နေတဲ့ ဆူဟိုဟျောင်းက ဆယ်ဟွန်းကို ကားထဲ မနိုင်တနိုင်ထည့်နေတာမို့ သူပါကူပေးရသည်။ဒါကို အရက်သမားဆယ်ဟွန်းက သူ့(ဆယ်ဟွန်း)အသားကို လာထိပါတယ်ဆိုပြီး ချန်းယောလ်ကို ထဆဲ၏။
ငါနှယ့်နော်။^ဟျောင်းတို့ သွားပြီ။ပိုက်ဆံလည်း ရှင်းခဲ့တယ် သိလား^
^ဟျောင်း ကားကိုဂရုစိုက်မောင်းအုံး^
^အေး~သွားပြီ^
မောင်းထွက်သွားတဲ့ဆူဟိုဟျောင်း ကားကို သူအဆုံးထိ မကြည့်အား။စားပွဲပေါ်မှောက်နေတဲ့ဟာလေးဆီ ပြေးသွားရသည်။အရက်ပုလင်းတွေကြား မျက်နှာမှောက်နေတဲ့ကောင်လေးဟာ ပါးစပ်ကလည်း ပွစိပွစိ ပြောနေသည်။
YOU ARE READING
사랑해 또 사랑해
Fanfictionချစ်တယ်။စက္ကန့်တိုင်းပိုတိုးလာတဲ့ အချစ်တွေနှင့်အတူ ထာဝရအတွက် မင်းကိုပဲ ချစ်ပြီးရင်း ချစ်နေမယ်။ Chansoo Fic _ 2🍎 ×2 Complete (1) 🍁