ဆယ်ဟွန်း ဆိုင်ထဲရောက်တော့ ဂျောင်ဆူးက အလုပ်ရှုပ်နေ၏။ဘာလို့ ဒီလောက် လူတွေများနေရတာလဲ ဆယ်ဟွန်းနားမလည်ပါ။
ချန်းယောလ်ဟျောင်းက ဂျောင်ဆူးကို သဝန်တိုတတ်လွန်းသူပီပီ လမ်းမပေါ်က
ဆိုင်မဟုတ်ဘဲ လူအရောက်အပေါက်နည်းတဲ့ ရပ်ကွက်ရဲ့လမ်းကျဉ်းကျဉ်းလေးမှာဆိုင်ကိုရွေးဝယ်ပေးထားတာ။ဒါကို လူတွေများပြီး စည်းကားနေ၏။လူများတော့လည်း ဘယ်တတ်နိုင်မလဲ။လူရှင်းတဲ့အထိ စောင့်ရုံပေါ့။ဘောင်းဘီအိပ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး ဆိုဖာပေါ်ခြေချိတ်ထိုင်ပြီး ဖုန်းသုံးဖြစ်သည်။ညောင်းလာတာမို့ ဆိုင်ထဲတစ်ချက်မျက်လုံးဝေ့ကြည့်တော့ လူကမရှင်းသေး။လှဲအိပ်၍ ဖုန်းသုံးရပြန်သည်။မျက်လုံးတွေ ညောင်းတဲ့အထိ ဖုန်းကြည့်ပြီးနောက် ဆယ်ဟွန်း ထရပ်၍ လမ်းလျှောက်တဲ့အထိ လူကမရှင်းသေး။
အန်တီအရွယ်နှစ်ယောက်က ဂျောင်ဆူးကို သားမက်တော်ချင်သလို စကားစလာသည်။ချန်းယောလ်ဟျောင်းသာ ကြားရင် သွေးတတ်နေမှ သေချာတယ်။ဆိုဖာပေါ် ခြေချိတ်ပြန်ထိုင်လိုက်ပြီး ဒူးထောက်ပါ် လက်ထောက်တင်လျက်မေ့လေးကိုင်၍ ထိုင်နေသောဆယ်ဟွန်းပုံစံက ပွဲကြည့်ဖို့အသင့်အထားပင်။
^အန်တီမှာ သမီးလေးရှိတယ် သိလား?သမီးလေး အနေအေးပြီး ယဉ်ယဉ်ကျေးကျေးလေ၊သားနဲ့ဆို သိပ်လိုက်မှာ ^
ဆယ်ဟွန်း မျက်ခုံးပင့်သွားရသည်။ထိုကဲ့သို့ မိန်းကလေး အခုခေတ်မှာ ရှိသေးတယ်ပေါ့လေ။ဂျောင်ဆူးကြည့်လိုက်တော့ ပန်းစည်းကို သေချာထုပ်ပိုးနေသည်။ ဝဝတုတ်တုတ်၊ဆံပင်ကောက်ကောက်နှင့် အဒေါ်ကြီးစကားကို ပြုံး၍သာ နားထောင်နေသည်။ဘေးနားရပ်နေတဲ့အဒေါ်ကြီးကတော့ ထိုအဒေါ်ကြီးကို မျက်နှာရွဲ့စောင်းလိုက်တာကို မျက်လုံးလျင်သူပီပီ ဆယ်ဟွန်း မြင်ဖြစ်အောင် မြင်လိုက်သည်။ပွဲကတော့ လှပြီ။
^နင့်သမီးကို လမ်းထိပ်မှာ ကောင်လေးတစ်ယောက်နဲ့ တွေ့လိုက်တယ်။ကြည့်ရတာ နင့်သားမက်ဖြစ်လာမဲ့သူ ထင်တယ်^
ထင်သည့်အတိုင်းပဲ။
ဝဝတုတ်တုတ်အဒေါ်ကြီးက မျက်နှာ ပျက်ယွင်းသွားသည်။သို့သော် ခပ်တည်တည်ဖြင့် ဆက်ပြောပြန်တယ်။
YOU ARE READING
사랑해 또 사랑해
Fanfictionချစ်တယ်။စက္ကန့်တိုင်းပိုတိုးလာတဲ့ အချစ်တွေနှင့်အတူ ထာဝရအတွက် မင်းကိုပဲ ချစ်ပြီးရင်း ချစ်နေမယ်။ Chansoo Fic _ 2🍎 ×2 Complete (1) 🍁