ဂျောင်ဆူးကို သွားကြိုခါနီး ရုတ်တရက်ပေါ်လာတဲ့ အစည်းအဝေးကြောင့် မသွားနိုင်ခဲ့!အရေးပေါ်အခြေအနေဖြစ်တာမို့ မတ်ဆေ့ခ်ျတောင် မပို့နိုင်,အစည်းဝေးခန်းထဲ ပြေးရသည်။ရှယ်ယာရှင်တွေ စိတ်ကျေနပ်အောင် ဖြေရှင်းပြီးနောက် နာရီကြည့်လိုက်တော့ ခြောက်နာရီထိုးနေပြီ။ကျစ်!နောက်ကျနေပြီ!ဘတ်စ်ကား တိုးစီးပြီး ပြန်သွားရင် ဒုက္ခ။စိတ်မချပါဘူးဆိုကွာ~~
အတွင်းရေးမှုးအစ်မကို မှာစရာ ရှိတာမှာ၊အိမ်ယူသွားသင့်တာယူပြီး အလုပ်ဆင်းခဲ့လိုသည်။ကိုယ့်အမျိုးသားလေးကို ပစ်ထားပြီး အလုပ်ကြိုစားတဲ့သူတွေအထဲ ပတ်ခ်ချန်းယောလ် မပါဘူးလေ။
ကားပါတင်ကို သွားတဲ့လမ်းမှာလည်း ဂျောင်ဆူးကို အဆက်မပြတ် ဖုန်းခေါ်ရင်း စိတ်ပူမှုကငယ်ထိပ်ရောက်လာပြီ။ထပ်ပြီး ဖုန်းအသံပိတ်ထားပြန်ပြီလား။အသံဖွင့်ထားပါလို့ မှာထားရက်နဲ့။တစ်ခုခုဆို သူရင်ကွဲမှာ မသိဘူးလား အဆိုးလေးရာ။
မီးပွင့်တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာတဲ့သူရဲ့ကားမောင်းနှုန်းက ကားမောင်းပြိုင်ဝင်နေ
သည့်အလား။ဂျောင်ဆူးပန်းဆိုင်မှာ ကားလေးတိခနဲ့ ရပ်သွားနှင့် မီးဖွင့်ထားကြောင့် ဆိုင်ထဲအပြေးအလွှားဝင်ရတယ်။ဆယ်ကျော်သက်ကျောင်းသူတွေကြား ပြုံးရွှင်စွာရယ်မောနေတဲ့သူ့အမျိုးသားလေးကို မြင်မှာ စိတ်အေးရသည်။နေပါအုံး။ဒီအချိန်ထိ ဆိုင်ဖွင့်ရအောင် သူ့ယောင်္ကျားက မွဲနေလို့လား။ကုမ္မဏီတစ်ခုလုံး ဦးဆောင်းနေတဲ့ ယောင်္ကျားတစ်ယောက်လုံး ရှိနေတာကို။ဆိုင်ပိတ်ပြီး အထဲမှာ စောင့်နေပါလား။
အခုတော့ ကလေးမတွေက သူ့အမျိုးသားကို လာကြူးနေပြီ။တွေးလို့မဆုံး ထွက်ကျလာသည့်ကလေးမလေး တစ်ယောက်ရဲ့စကား~^အိုပါး ဖုန်းနံပါတ်လေး ပေးပါလား^
ငြင်းရခက်နေတဲ့ သူ့အမျိုးသားလေးကြောင့် သူကပဲ ဝင်ဖြေရှင်းရမှာပေါ့။
^ပေး~ဒီကအိုးပါးက သူ့အစားပေးမှာပေါ့^
ဖုန်းကို ဆွဲယူပြီး နံပါတ်တစ်ချို့ ရိုက်နှိပ်ပေးလိုက်တယ်။နံပါတ်အကုန်လုံးက ပရဟိတက ဖုန်းနံပါတ်တွေဖြစ်သည်။ဒါ သူ့အမျိုးသားလေးကို လာကြူးလို့ အပြစ်ပါးပါးလေး ပေးတာ။သေချာတာကတော့ ဒီကလေးမတွေ နောက်နေ့ ဂျောင်ဆူးဆိုင်မလာနိုင်တော့ဘူး။
YOU ARE READING
사랑해 또 사랑해
Fanfictionချစ်တယ်။စက္ကန့်တိုင်းပိုတိုးလာတဲ့ အချစ်တွေနှင့်အတူ ထာဝရအတွက် မင်းကိုပဲ ချစ်ပြီးရင်း ချစ်နေမယ်။ Chansoo Fic _ 2🍎 ×2 Complete (1) 🍁