세5화 (UNI)

503 70 32
                                    

စားသောက်‌ပြီး အိမ်ရောက်သည့်အခါ ထင်တဲ့အတိုင်း သူ့လက်ဆောင်ကို ဂျောင်ဆူး ငြင်းဆန်သည်။

^ငါ မဝတ်ဘူး‌နော်^

^အမှတ်တရအနေနဲ့ ဝတ်လိုက်ပါ........နော်^

သူဟာ မျက်နှာငယ်လေးဖြင့် နည်းမျိုးစုံ သုံးရ၏။

^မင်း !ဒီလိုတွေ လုပ်ချင်ရင်း အစကတည်းက မင်းကျောင်းတုန်းက တွဲခဲ့တဲ့ကောင်‌မလေးတစ်ယောက်ကို လက်ထပ်ခဲ့ရမှာ^

ဒေါသ သံမပါ တည်ငြိမ်စွာ သူအား အကြံပြုလာသည့်ဂျောင်ဆူး။နေပါအုံး။ဒါက အခုသူ့လက်ဆောင်နဲ့ ဘာပတ်သတ်လို့လဲ။ပြီးဝောာ့ တစ်ခါလာလည်း* မင်းကျောင်းတုန်းက တွဲခဲ့တဲ့ကောင်မလေး*ဒါနဲ့ပဲ ကိုင်ပေါက်နေတာ။ တကယ်စိတ်ရှုပ်စရာသည်။

သို့‌သော် ထိုစကားကို မကြားချင်ဟန်ဆောင် လျစ်လျူရူဖြစ်သည်။ဒီနေ့က သူတို့မင်္ဂလာနှစ်ပတ်လည် နေ့လေ။ဒီလို အမှတ်တရနေ့မှာ ရန်ဖြစ်လို့မှာ မဖြစ်တာ။

^ရှက်စရာမလိုဘူး ဂျောင်ဆူးရဲ့~ကိုယ်တို့က ချက်မှာ ဝတ်မှာလေ။navel piercing မို့ ဘယ်သူမျှ မမြင်ပါဘူး^

^ဘာ^

သူ့စကားကို ‌ထိန့်လန့်သွားရှာတဲ့ မျက်လုံးပြူးပြူးလေး‌တွေ။အတန်ကြာငြိမ်နေတဲ့ကောင်လေးကြောင့် ‌ရှေ့နားတိုးကပ်ကာ ရှပ်အင်္ကျီကို လှန်လိုက်သည်။ပြီးတော့ ချက်မှာ piercing ဖောက်မယ်အလုပ်~

^ဘာလုပ်တာလဲ^

ဂျောင်ဆူးကိုယ်လေး နောက်ဆုပ်သွား၏။
ပြီးနောက် သူအား ဝမ်းနည်းကြေကွဲစွာ ကြည့်လာ၏။ထိုဝမ်းနည်းနေတဲ့မျက်ဝန်းတွေရဲ့ အဓိပ္ပာယ်ကို သူ ဘာသာမပြန်တတ်။ဒီနေ့က အမှတ်တရနေ့လေ။ဝမ်းနည်းစရာမှ မလိုတာ။

^မင်း~မင်း အဲ့နေ့က ငါကို ဒီအတိုင်းထားသွားခဲ့ရမှ~ဒါဆို အခုလိုတွေ ဖြစ်လာစရာမလိုဘူး^

သူ ထိုမျက်ဝန်း‌လေးတွေကို နားလည် စပြုလာသည်။ ဒီနေ့က သူအတွက် ပျော်စရာနေ့ရှိပေမဲ့ ဂျောင်ဆူးအတွက် ဝမ်းနည်းဖို့ကောင်းတဲ့ နေ့။သူက ချစ်ရတဲ့သူနဲ့လက်ထပ်ခွင့်ရပေမဲ့ ဂျောင်ဆူးက ချစ်ရတဲ့သူနှင့် ဝေးကွာခဲ့သည့်‌နေ့ တစ်နည်းအားဖြင့် အစ်မဟေအင်း ထွက်သွားတဲ့နေ့။

사랑해 또 사랑해Where stories live. Discover now