ဒီနေ့ကတော့ ကျနောချစ်ရတဲ့သူမနဲ့dinnerစားမယ့်နေ့လေး ကျနော့ရဲ့အစီစဉ်တွေက သူမနဲ့ညစာအတူစားမယ် သူမအကြောင်းလေးတွေကိုတစ်စေ့တစ်စောင်းမေးမယ် ကျနောအားလုံးသိထားပေမဲ့ပေါ့ ပြီးတော့နောက်ဆုံးကြရင် သူမကိုဖွင့်ပြောမယ် ဒါေတွအားလုံးကကျနော့အစီစဉ်တွေပါဘဲ ခုတော့သူမလေးရှေ့မှာပုံကျဖို့ Gray suitတစ်စုံဝတ်ကာ သူမကိုလာခေါ်မယ်ပြောထားတော့ ကျနော့ကားကသူမနေရာအရပ်ဆီသို့........သူမအိမ်ရှေ့ရောက်တော့ ထင်တဲ့အတိုင်းပါဘဲသူမကသိပ်အချိန်တိကျတာ ရှေ့မှာထွက်စောင့်နေတယ် ကျနော့ကားကသူမရဲ့ရှေ့ရောက်တော့ သူမကတတ်မယ်အလုပ် ကျနောက
'ခနလေး!!' ဆိုပြီးကားထဲကထွက်ကာသူမကိုကားတံခါးဖွင့်ပေးတော့'ကျေးဇူး'တဲ့ ကျနောပြုံးမိလိုက်တယ် နောက်တော့ကျနောတို့dinnerစားမဲ့နေရာရောက်ခဲ့တယ် dinnerစားမယ်ဆိုတာဘဲသိတဲ့သူမက
'ဆိုင်မှာဘယ်သူမှလဲမရှိဘူးနော ကျမတို့နှစ်ယောက်တည်းလား?'
'ကျနောငှားထားတာလေ' အဲ့လိုပြောတော့ဝါးလက်စsteakတုံးလေးကိုဆက်မဝါးတော့ဘဲကျနော့ကိုကြောင်ကြည့်နေတယ်
'ကျနောကyoongiနဲ့နှစ်ယောက်တည်းအတူစားချင်လို့ပါ'
'ဟုတ်...ဟုတ်ကဲ့'
'ဒါနဲ့ကျနောဒီနေ့yoongiကိုမေးစရာလေးတွေရှိတယ် မေးခွင့်ပြုမလား?'
'ရပါတယ်personalကလွဲရင်ပေါ့'
'ဟာ ဟုတ်ပါပြီဗျ'
ကျနော တို့စားသောက်ရင်းနဲ့ဘဲစကားလေးတွေပြောဖြစ်ခဲ့ကြတယ်
'ဒါဆိုyoongiက15နှစ်သမီးတည်းကဒီအရပ်ဘဲပေါ့ ဟ ဟ'
'ခ်ခ် ဟုတ်ပါတယ်ဆို အဲ့ကတည်းကရှည်မလာတော့တာထင်တယ်'
'တောင်းပန်ပါတယ်မိန်းကလေးတစ်ယောက်ကိုအရပ်နဲ့ပတ်သက်ပြီး မပြောသင့်တာကို'
'ရပါတယ်'
'ဒါဆိုကျနောတို့ရင်းနှီးသွားပြီပေါ့'
'အဲ့လိုဘဲဆိုရမှာပေါ့' အစကဖွင့်ပြေမယ်စဉ်းစားထားပေမဲ့ ကျနောလောသွားတယ် ခုမှသူမနဲ့ရင်းနှီးလာတာကို ချက်ချင်းဖွင့်ပြောလိုက်ရင် သူမဘယ်လိုထင်မလဲ သူမအပြုံးတွေကိုမပျက်စေချင်တာကြောင့် ဒီညတော့ကျနောသိပြီးသားဖြစ်တဲ့သူမအကြောင်းလေးတွေကိုသူမကိုယ်တိုင်ပြောပြပေးရင်း ညစာလည်းစားရင်းအချိန်ကုန်ခဲ့မိတယ်
YOU ARE READING
Forgive me
Fanfiction'ထယ်ကတော့ကောင်းလိုက်တာနော် ထယ်တန်ဖိုးထားရတဲ့သူကိုပိုင်ဆိုင်လိုက်ရလို့လေ' 'ရင်းက အဲ့လိုထင်တာလား?ဒါပေမဲ့ကျနောတန်ဖိုးထားရတဲ့သူကအခြားတစ်ယောက်ဖြစ်နေတာကျနောမသိခဲ့ဘူး' ocရဲ့နာမည်ကrinမို့လို့ရင်းလို့ရေးထားပါတယ် own creation by blessing_kook