ဒိနေ့လည်းအရင်နေ့တွေလိုပါဘဲ အလုပ်တွေရှုပ်ရင်းအချိန်တွေကုန်နေခဲ့တာ ဒီကြားထဲjungkookကရီစရာလေးတွေလာလာပြောပေးလို့ကျေးဇူးတင်နေရတာ ရင်းကပင်ပန်းနေချိန်ဆိုလာပြီ အမရင်း အမရင်းနဲ့ ကော်ဖီလေးသောက်ပါအုံး ဒီဟာလေးစားပါအုံးဆိုပြီးချွဲနေသေးတာကလေးလေးက Jungkookလေးကတော့တကယ့်ကိုအမောပြေလေးပါဘဲ ဒါပေမဲ့အလုပ်တွေဘယ်လောက်ရှုပ်ရှုပ် တစ်ရက်မှမေ့မရခဲ့တာကထယ့်ကိုပါဘဲ
'အမရင်း!! ဘာတွေစဉ်းစားနေတာလဲ?' ဟောတွေးလို့တောင်မဆုံးသေးဘူးရောက်ချလာပြန်ပြီကိုယ်တော်ချောက
'ဟင့်အင်း ဒီတိုင်းဘဲ'
'ဟိုလူကြီးအကြောင်းမလား သိတာပေါ့'
'သိရင်လည်းပြီးရော ကော်ဖီဖျော်လာတာလား?'
'ဟုတ်တယ် အမရင်းအတွက်'
'အွန်းဂိုမားဝေါ်' ဆိုပြီးကော်ဖီတစ်ငုံသောက်လိုက်ရင်းသူ့ကိုကြည့်တော့ ရင်းကိုစိုက်ကြည့်နေတယ်
'ဘာကြည့်နေတာလဲ?'လို့မေးလိုက်တော့
'မေးစရာရှိလို့ မေးလို့ရမလား?'
'ဘာမေးမလို့လဲ?'
'အမရင်း............အဲ့လူကြီးကိုချစ်နေတုံးဘဲလား?'အော်ငါ့နှယ် ဘာများလဲလို့ ဒါဘဲသိချင်နေတယ်
'ကလေးကကလေးလိုနေပါ သူများအကြောင်းသိစရာမလိုဘူး'
'ဘာကလေးလဲ ကျနောကမကြာခင်20ပြည့်တော့မှာ အမရင်းနော ကျနော့ကိုညာတယ်ပြောတော့အချင်းချင်းရင်ဖွင့်မယ်ဆိုပြီး ကျနောကတော့ပြောပြလိုက်ရတာချစ်လွန်းလို့'
'ဟမ်...' နေပါအုံးသူဘာပြောလိုက်တာ
'ဟို မဟုတ်ဘူးလေ ကျနော့အတွက်တော့အမရင်းက အမတစ်ယောက်လိုဘဲလို့ အာ့ကြောင့်အမတစ်ယောက်လိုချစ်တာကိုပြောတာ'
'အော် နားလည်ပြီ'
'အာ့ဆိုပြောပြလေနော် မောင်နှမတွေဘဲကို'
'မင်းကလည်းနော် ဝင်လာလာချင်းမေးတော့ သူ့အကြောင်းတွေးနေတာလာတဲ့ ဟုတ်တယ်လို့ပြောလိုက်မှတော့ ချစ်နေသေးလို့ပေါ့'

YOU ARE READING
Forgive me
Fanfiction'ထယ်ကတော့ကောင်းလိုက်တာနော် ထယ်တန်ဖိုးထားရတဲ့သူကိုပိုင်ဆိုင်လိုက်ရလို့လေ' 'ရင်းက အဲ့လိုထင်တာလား?ဒါပေမဲ့ကျနောတန်ဖိုးထားရတဲ့သူကအခြားတစ်ယောက်ဖြစ်နေတာကျနောမသိခဲ့ဘူး' ocရဲ့နာမည်ကrinမို့လို့ရင်းလို့ရေးထားပါတယ် own creation by blessing_kook