Ep-6

277 42 2
                                    

'ထယ်ယောင်းကသူ့ကိုကြိုက်နေတာလား?'
အဟွတ် အဟွတ် သူမလေး‌ေမးလိုက်တဲ့စကားကြောင့်ကျနော့မှာsteakသီးသွားတယ် ပြီးတော့သူမကရေလာပေးတယ် ကျနောသောက်လိုက်ပြီးနှုတ်ခမ်းသုတ်တော့ သူမက

'ဟီး ဟီး'

'ရီတယ်ပေါ့'

'အင်းလေ အဲ့ဒါလေးမေးတာကို သီးသွားတယ်ဆိုတော့ မဟုတ်မှလွဲရော တကယ်သဘောကျနေတာပေါ့'

'မ မဟုတ်ပါဘူး ရင်းကို ငယ်သူငယ်ချင်းတစ်ယောက်ထက်မပိုဘူး'

'ဟုတ်လို့လား စကားတွေပါထစ်ကုန်ပြီ ဟီးး'

'မဟုတ်ပါဘူးဆို!!!' ကျနောလည်းဘာလို့လဲမသိဒေါသတအားထွက်သွားပြီးအော်မိလိုက်တယ် သူမကိုကြည့်တော့ ကြောက်နေတဲ့ပုံလေးနဲ့ကျနော့ကိုကြည့်နေတယ် ကျနောဖြစ်စေချင်တာဒီလိုတွေမဟုတ်ဘူး....

'အော် တာ လား'ငိုမဲ့မဲ့နဲ့တစ်လုံးချင်းမေးလာတဲ့သူမ

'မ မဟုတ်ဘူး ဆောရီးငါတောင်းပန်တယ်'

'.......'

'ငါတကယ်တောင်းပန်ပါတယ်နော် အဲ့လိုတော့ငါ့ကိုမကြည့်လိုက်ပါနဲ့နော် လုပ်ပါ နော် နော်လို့' သူမလက်ကလေးကိုကိုင်ကာပြောပေမဲ့လည်း

'.......'

'ကျစ်*  ငါနင့်ကိုချစ်တယ်Yoongi' လို့ပြောလိုက်တော့ပြူးကြောင်ကြောင်လေးကြည့်ပြီး

'ဟမ်!!!?'

__________________________

*ဒီနေ့လည်းထက်လွမ်းရပြန်ပြီထယ် ခုဆိုထယ်ကတော့ထယ်ချစ်တဲ့သူနဲ့အတူပျော်ရွှင်နေရောပေါ့ ရင်းလေစဉ်းစားလို့မရတာတစ်ခုရှိတယ် ထယ်ရင်းကိုဒီလောက်ထိလုပ်သွားတာတောင်မှ ရင်းကဘာလို့ထယ့်ကိုချစ်နေသေးတာလဲဟင်* ကိုယ့်အတွေးနဲ့ကိုယ်မျက်ရည်ဝဲပြီး အားး!!!

'ရ ရရဲ့လားဗျ?' ဆိုပြီးရင်းလက်ကိုအ‌ပြေးလာကိုင်တဲ့jungkook ရင်းလည်းအဲ့ဩစွာကြည့်လိုက်တော့

'ဘာတွေစဉ်းစားနေလို့ရေနွေးပြည့်တာမသိရတာလဲ လက်အပူလောင်ကုန်ပြီလေ' အဲ့လိုဆုံးမသလိုပြောတော့အရင်ဆုံးသတိရမိတာကထယ်

'ရ ရပါတယ်' ဆိုပြီးလက်ရုတ်လိုက်တယ်

'တကယ်ရရဲ့လားဗျ'

Forgive meWhere stories live. Discover now