ကျနော်နဲ့ရင်း အချိန်တော်ကြာ တိတ်ဆိတ်နေခဲ့တယ် ကျနော့ဘက်ကလည်းမစရဲသလို သူမဘက်ကလည်းဘာမှမမေးဘဲနှုတ်ဆိတ်နေတယ် ဒါဆိုရင်တော့ကျနော့ဘက်ကဘဲ
'ရင်း!!' 'ထယ်!!'
ကျနောတို့နှစ်ယောက်စကားဆုံသွားတယ် နှစ်ယောက်လုံးပြုံးလိုက်ပြီး ကျနောကဘဲ
'ရင်း အရင်စပြောလေ' လို့ပြောတော့သူမရဲ့နှုတ်ခမ်းကအနည်းငယ်ကွေးညွတ်သွားပြီး
'ထယ်ကတော့ကောင်းလိုက်တာနော် ထယ်တန်ဖိုးထားရတဲ့သူကိုပိုင်ဆိုင်လိုက်ရလို့လေ'
ကျနောနားမလည်စွာ သူမကိုမျက်မှောင်ကြုံ့ပြီးကြည့်မိတယ် သူမကတော့ကျနော့အကြည့်တွေကိုလွှဲရှောင်လိုက်တယ် ကျနော်သိလိုက်ရတာက သူမကျနော့အကြောင်းမသိသေးဘူးဆိုတာ
'ရင်းက အဲ့လိုထင်တာလား?ဒါပေမဲ့ကျနောတန်ဖိုးထားရတဲ့သူကအခြားတစ်ယောက်ဖြစ်နေတာကျနောမသိခဲ့ဘူး'
အဲ့တော့မှရင်းကကျနော့ကိုထူးဆန်းစွာကြည့်လာတယ် ပြီးတော့ရီပြီး
'ဟုတ်လား ဒါနဲ့ရင်းတို့ကသူစိမ်းတွေမှမဟုတ်ဘဲ သူငယ်ချင်းတွေလေ ကျနောလို့မသုံးပါနဲ့လား'
'ရင်းနားမလည်သေးတာလား?'
'ဘာကိုလည်း ခုနကစကားလား'
'ဟုတ်တယ်လေ တကယ်တော့ကိုယ်ပြောခဲ့တဲ့တစ်ယောက်နဲ့ ကိုယ်လက်မထပ်ဖြစ်ခဲ့ဘူး'
'ခုနပြောတဲ့စကားအရဆိုရင် သူမဟုတ်ဘဲနောက်တစ်ယောက်ဖြစ်နေတဲ့သဘောပေါ့'
'ရင်းကိုယ့်အပေါ်စကားပြောတာတွေကအေးတိအေးစက်နဲ့ အရင်လိုမဟုတ်တော့ပါလားဟင်'
'အဲ့လို့ဖြစ်သွားအောင်ရှင်လုပ်ခဲ့တာလေ အရင်ကအိမ်မှုရေးရာတွေကိုဘဲသဘောကျခဲ့တဲ့သူ ပန်းပင်လေးတွေနဲ့ အဝတ်အစားတောင်ဂါဝန်တွေမှရွေးပြီးဝတ်ခဲ့တဲ့ကျမက ခုဆိုကျမကcompany တစ်ခုရဲ့ceoတောင်ဖြစ်နေပြီ အရင်ကမလုပ်ချင်ဆုံးအလုပ်တစ်ခု ပြီးတော့ommaပေးချင်တဲ့ရှင့်ရဲ့နေရာမှာ ကျမထိုင်နေရပြီ ဘယ်လိုလဲ?'
'ဟုတ်ပါတယ်ကိုယ်ဝန်ခံပါတယ်ကိုယ့်ကြောင့် ဒီလိုဖြစ်သွားတယ်ဆိုတာ ဖြစ်ခဲ့တာတွေအတွက်လည်းကိုယ်တောင်းပန်ပါတယ် အဲ့တော့...'
YOU ARE READING
Forgive me
Fanfic'ထယ်ကတော့ကောင်းလိုက်တာနော် ထယ်တန်ဖိုးထားရတဲ့သူကိုပိုင်ဆိုင်လိုက်ရလို့လေ' 'ရင်းက အဲ့လိုထင်တာလား?ဒါပေမဲ့ကျနောတန်ဖိုးထားရတဲ့သူကအခြားတစ်ယောက်ဖြစ်နေတာကျနောမသိခဲ့ဘူး' ocရဲ့နာမည်ကrinမို့လို့ရင်းလို့ရေးထားပါတယ် own creation by blessing_kook