Ep-16

124 18 2
                                    

နောက်တစ်နေ့ နံနက်

'နိုးပြီလား' မင်ကိုယ်ကိုလှုပ်နေရာကနေအသံကြားလို့မျက်လုံးဖွင့်ကြည့်တော့Kook

မင်ပြုံးပြလိုက်ပြီး ခေါင်းကိုအသာလေးငြိမ့်ပြလိုက်တယ် မနေ့ကဖြစ်ပျက်ခဲ့တဲ့အရာလေးတွေကိုပြန်စဉ်းစားမိတော့ ရင်ခုန်စရာအခိုက်အတန့်လေး
သူ့ကိုကြည့်တော့မင်ကိုပြုံးပြီးကြည့်နေတယ် မင်လည်းရှက်တော့

'ဘာလို့ ပြုံးပြီးကြည့်နေတာလည်း ရှက်စရာကြီး' ဆိုပြီး စောင်ကိုခေါင်းမှူးခြုံလိုက်တယ် သူကပြန်ဆွဲချပြီး

'ကိုယ့်ချစ်သူကိုယ်ရှက်နေတာလား?ဟင်? ရှက်တဲ့ပုံလေးကလည်းကွာချစ်စရာလေး ကိုယ်ကိုက်စားလိုက်ရမလား'

'ဟာ Kookနော် ဘာတွေပြောနေတာလဲ' မင်ပြောပြီးသူကမင်ရဲ့ကိုယ်လေးကို သူပေါင်ပေါ်တင် မင်ကခေါင်းကိုသူ့ရင်ဘက်ပေါ်မှီထားပြီး သူ့ရဲ့ဗိုက်ကြွက်သားတွေကိုဆော့နေမိတယ် ပြီးတော့မင်က

'Kook'

'ဟင်'

'Unnieနဲ့Taeအိုပါးရဲ့ ကိစ္စလေ ကူညီ‌ ပေးမယ်မလားဟင် မင်တောင်းဆိုတာပါနော် နှစ်ယောက်လုံးရဲ့ကြားထဲမှာအထင်လွဲနေတာလေးတွေရှိမယ်ထင်တယ်' သူချက်ချင်းပြန်မဖြေဘူးတော်တော်ကြာတော့မှသူသက်ပြင်းချလိုက်ပြီး

'ဟင်းး မင်လေးကကူညီစေချင်တယ်ဆိုရင်ကိုယ်ကူညီပါ့မယ် ဒါပေမဲ့ ကိုယ်အဲ့လူကြီးကိုသိပ်ကြည်တာတော့မဟုတ်ဘူးနော်'

'ဒါနဲ့ဘာလို့ထယ်အိုပါးကိုseriousဖြစ်နေရတာလဲ?မင်သိချင်တယ်'

'သူကrin noonaအပေါ်လုပ်ခဲ့တာတွေလည်းမင်လေးသိမှာပါ ခုသူ့ဘက်ကလည်းမပွင့်မလင်းနဲ့ သူ့ပုံစံကလေ သူnoonaဆီပြန်လာချင်တယ်ဆိုရင်လည်း သူဟာသူလုပ်ပေါ့ ကိုယ်တို့တောင်ကူညီပေးစရာမလိုပါဘူး အလကားပါ ယောက်ျားမပီသတာ'

'အမယ် သူကြပီသတာကြနေရော မင့်ကိုသဘောကျရဲ့သားနဲ့ပွင့်ပွင့်လင်းလင်းမပြောဘဲ ရှောင်နေတာဘယ်သူလဲ?'

'ဟာ ယောက်ျားပီသလွန်းလို့ ကိုယ်မင်လေးကိုဦးဆောင်ပြီးပြီ‌လေ'

'ဘာလဲ!!?

'ဟိတ် ခုမှမသိချင်ယောင်မဆောင်နဲ့ ကိုယ့်ဦးဆောင်မှုကိုလိုက်တဲ့သူကဘယ်သူလေးလဲ'

Forgive meWhere stories live. Discover now