Ep-3

321 40 0
                                    

ကျနောတွေးမိတယ် Sundayသူမနဲ့တွေ့ပြီးသူမကိုဖွင့်ပြောဖို့လေ ဒါပေမဲ့ ရင်းကိုဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေးကလည်းခေါင်းထဲမှာနေရာယူလာပြန်တယ် ဘာဘဲဖြစ်ဖြစ်ပါ ကျနောမှရင်းကိုမချစ်တာ အခုခေါင်းထဲထပ်ရောက်လာတဲ့အတွေးက ရင်းဆီကိုဖုန်းဆက်ဖို့ဘဲ

Ring** ဖုန်းခေါ်သံကြားလို့ကြည့်လိုက်တော့ ထယ်တဲ့ ဒါပထမဆုံးဘဲထယ်ကရင်းကိုအရင်ဖုန်းခေါ်တာ ရင်းအတိုင်းမသိပျော်လို့ နှုတ်ခမ်းထက်ကကွေးညွန့်သွားပြီး ဖုန်းလေးကိုကိုင်လိုက်မိတော့

'ထယ်!!'

'ရင်း'

'ထယ် ရင်းအရမ်းပျော်တာဘဲသိလား ထယ့်ဘက်ကအရင်ဖုန်းဆက်လို့လေ'

'အင်း'

'ဒါနဲ့ဘာလို့ဖုန်း‌ဆက်တာလဲ?' ရင်းကမေးတော့

'ရင်း ကိုယ်တို့ဒီထပ်ရှေ့မဆက်ကြရအောင်'
သူပြောလိုက်တဲ့စကား*ရှေ့မဆက်ကြရအောင်တဲ့*

'ဘာကိုဆိုလိုချင်တာလဲထယ်?' ရင်းတကယ်နားမလည်နိုင်တော့လို့မျက်ခုံးတွန့်ချိုးစွာ ထပ်မေးမိတယ်

'ကိုယ်ပြောချင်တာက ကိုယ်ချစ်ရတဲ့သူရှိလို့ လက်ထပ်ပွဲကိုရုတ်သိမ်းစေချင်တယ် စေ့စပ်ပွဲလုပ်ခဲ့တာလည်းပျက်တယ်လို့သဘောထားပေးပါ' ရင်းဖုန်းပြောနေတဲ့နေရာမှာဘဲ အရုပ်ကြိုးပျက်သလိုထိုင်ချမိလိုက်တယ် ပြီးတော့အတိုင်းအဆမရှိကျလာတဲ့မျက်ရည်တွေကိုလက်ဖမိုးနဲ့သုတ်ပြီး

'ထယ်~~'

'ကိုယ်တောင်းပန်ပါတယ် ဒါကြောင့်ကျေးဇူးပြုပြီး လူကြီးတွေကိုပြောပြပေးပါ'

'ထယ့်ဘက်ကအဲ့လိုဆိုရင်အစကတည်းကငြင်းလို့ရတာဘဲ ဘာလို့ခုမှလဲ!!'

'အဲ့အတွက်လည်းကိုယ်တောင်းပန်တယ် ပြီးတော့မငိုပါနဲ့ကိုယ်မကြိုက်ဘူး ဖုန်းချလိုက်တော့မယ်'

'ထယ်!!!ထယ်!!!' လို့ခေါ်နေသော်လည်းတစ်ဖက်ကဘာသံမှကြားမလာ ဖုန်းချလိုက်တာကို

*ထယ်ရယ်လုပ်ရက်လိုက်တာ ရင်းဘက်က‌ချစ်ခဲ့သမျှကောင်းခဲ့သမျှတွေက ခုသဲထဲရေသွန်ဖြစ်ကုန်ပြီပေါ့ ထယ့်ဘက်ကဖုန်းနဲ့ဒီလိုစကားကိုပြောရက်တယ်နော် လူချင်းမတွေ့ဘဲနဲ့လေ ဒီလိုကိစ္စကပေါ့တန်တန်မှမဟုတ်တာထယ်ရယ် ရင်းလူကြီးတွေကိုဘယ်လိုပြောရမလဲ ရင်းပြောဖို့အားမရှိဘူး ထယ်ရယ်အရမ်းချစ်တယ် ဘာလို့ဒီလိုလုပ်ရတာလဲ ဟင့် ရင်းဒီလိုစကားတွေပြောနေလည်း ထယ်မှမကြားဘဲ အဓိကကထယ်ချစ်တဲ့သူနဲ့ပျော်ရွှင်ရဖို့ပါဘဲ ထယ်နောင်တမရပါစေနဲ့*
ဒီညတော့ရင်းတစ်ယောက်အိပ်ပျော်တော့မယ်မထင် ထိုင်‌လက်စနေရာလေးမှာဘဲတစ်ရှုံ့ရှုံ့ငိုရင်း ထယ့်အကြောင်းကိုဘဲဆက်ပြီးတွေးနေမိတယ် ထယ်ဒီလိုမျိုးလုပ်တာတောင်မှပေါ့

Forgive meWhere stories live. Discover now