-9-

13.3K 1.6K 38
                                    

စာမူရွေးချယ်တဲ့နေ့ရောက်တော့ သူရင်ခုန်စွာနဲ့ စောင့်နေခဲ့တယ် ။ တတိယကစကြည့်ပေမဲ့ သုံးပုဒ်လုံးက သူ့စာမူမဟုတ်ခဲ့ပေ ။ သူသက်ပြင်းချပြီး ရွေးချယ်ခံရတဲ့စာမူတွေကိုဖတ်လိုက်တယ် ။ ပထမဆုရသွားတဲ့ စာမူကိုဖတ်နေရင်းသူမျက်မှောင်ကုပ်လာတယ် ။

ဇာတ်ကျောရိုးကအတော်လေးတူညီနေတဲ့အပြင်-

"ကောင်မလေးကိုကျောပေါ်သယ်ပိုးရင်း ညအမှောင်ထဲစကိတ်ဘီးသံဟာတဂျစ်ဂျစ် "

ရှောင်းကျန့်လက်သီးဆုပ်လိုက်မိတယ် ။ ဒါကသေချာပေါက်ကြီးကူးယူခံထားရတာပဲမဟုတ်ဘူးလား ။

"လမ်းထိပ်ကမာလာဟင်းဆိုင်... ငယ်ရွယ်တဲ့သခင်လေး "

ဇာတ်ကောင်တွေကရုပ်သွင်ဖော်ပြချက်
မတူတော့သည့်တိုင်ကျန်တာအကုန် တထေရာထဲပဲ ။ သူရှုပ်ထွေးနေတုန်း ယွီထုန်ဆီကဖုန်းဝင်လာတယ် ။

"ရှောင်းကျန့် နင်တွေ့ပြီးပြီလား "

"ဘာကိုလဲ "

"စာမူကိစ္စ... နင်အခုငါနဲ့လာတွေ့လို့ရလား "

"ငါအခုပဲလာခဲ့မယ် နင်ဘယ်မှာလဲ "

Laptop ကိုသူပိတ်ချလိုက်ပြီးယွီထုန်ချိန်းထားတဲ့နေရာဆီကိုရောက်လာခဲ့တယ် ။

"ရှောင်းကျန့် "

"နင်တစ်ခုခုသိထားလို့လား "

"ငါပြောပြမိတယ်ဆိုတဲ့သူငယ်ချင်းကသူပဲ ၊ ပထမရတဲ့သူ "

"တကယ်ပဲငါ့စာမူခိုးခဲ့တာလား? "

"ငါ့အပြစ်တွေပါ ငါနင်ရေးထားတဲ့ စာမူကြမ်းတွေပါပြလိုက်မိတာ... ငါထင်တာက သူအဲ့လိုမလုပ်လောက်ဘူးလို့ ငါလိုက်ပြောပေးမယ်လေ စာပေစိစစ်ရေးဌာနကို "

"နင်ပြဿနာတက်မှာပေါ့ သူငယ်ချင်းနဲ့ "

"သေချာပေါက်သူအကျင့်မကောင်း
တာပဲလေ ဒီလိုဆို ငါလည်းသူ့သူငယ်ချင်းမလုပ်နိုင်ဘူး "

ယွီထုန်က ရှောင်းကျန့်လက်ကိုဆွဲပီးစာပေစိစစ်ရေးဌာနကိုခေါ်သွားခဲ့တယ် ။

"ဆရာမကျွန်မတို့ပြောစရာနည်းနည်းရှိလို့ "

"ဘာကိစ္စလဲ "

-少爷王(သခင်လေးဝမ်)-Where stories live. Discover now