-20-

14K 1.3K 49
                                    

ရိပေါ်က Company အသစ်အတွက် အခြေခံအဆင့်ကနေစတင်ကွပ်ကဲနေရပြီး နည်းပညာရှင်တွေနဲ့ သူတို့ရဲ့ Official site တစ်ခုထောင်နိုင်ဖို့အတွက် အတော်ကြာအောင်လုံးပမ်းခဲ့ရတယ် ။
ရှောင်းကျန့်ကိုယ်တိုင်လည်း ဇာတ်ညွှန်းအတွက်နယ်တကာပတ်ပြီး ကုန်ကြမ်းရှာရတယ် ။

လူစည်ကားရာစျေးတန်းလေးနားမှာစက်ချုပ်နေတဲ့အဖိုးအိုလေးကိုတွေ့တော့သူပြုံးပြပြီးအထဲဝင်သွားလိုက်တယ် ။ မှိန်ဖျော့နေတဲ့အမိုးအကာစအောက်မှာ အဖိုးအိုကအပြုံးလျော့လျော့နဲ့သူ့ကိုကြိုဆိုတယ် ။

"အဖိုးမပင်ပန်းဘူးလား ၊ စက်ချုပ်ရတာညောင်းနေမှာပဲ "

အဖိုးကပြုံးပြီးခေါင်းခါပြတယ် ။

"ကလေးဘာချုပ်ချင်လို့လဲ "

"ကျွန်တော်စိတ်ထဲတစ်မျိုးခံစားရလို့ဝင်လာ
ကြည့်တာ ၊ နည်းနည်းနှောက်ယှက်လို့ရလားအဖိုး "

အဖိုးအိုက ခေါင်းလေးညိတ်ပြပြီးဖော်ရွေစွာကြိုဆိုပါတယ် ။

"အဖိုးမှာသားသမီးတွေမရှိဘူးလား? "

အဖိုးက ဟက်ဟက်ပက်ပက်ရယ်ရင်းခေါင်းခါပြတယ် ။ သူအားမနာတမ်းတစ်နေကုန်ဆိုင်ထဲဝင်ထိုင်နေခဲ့ပြီး အိမ်ပြန်တဲ့အထိလိုက်သွားခဲ့တယ် ။

အံ့သြစရာကောင်းတာက တိုက်အိုထဲကနေထွက်လာတဲ့ ကျန်အဖိုးတစ်ယောက်ကအနောက်တိုင်းသားပုံစံမျိုးဖြစ်သည် ။ ထိုလူက အဖိုးအိုကိုခပ်ဖွဖွနမ်းရင်းကြိုဆိုလိုက်တယ် ။ ​လှပတဲ့အိမ်ရဲ့အနေအထားအရ အဖိုးကဝါသနာအရစိတ်ပြေလက်ပျောက်အဝတ်ချုပ်နေတယ်ဆိုတာအမှန်ပဲဖြစ်လောက်သည်။

"အဖိုးကြီးကတော့ ဧည့်သည်ပါတာကို... ကလေးမကြောက်နဲ့ ဝင်လာခဲ့ "

ရှောင်းကျန့်ကတောက်ပစွာပြုံးပြီးအဖိုးအိုနောက်ကလိုက်သွားခဲ့တယ် ။ သူဇာတ်လမ်းတစ်ပုဒ်ရတော့မယ်ထင်တယ် ။

. . .

ရှောင်းကျန့်ထို့မြို့နယ်လေးမှာအချိန်တစ်ခုထိကြာအောင်ဇာတ်လမ်းရေးခဲ့တယ် ။ အဖိုးအိုနံမည်က အန်းယွီလုံဖြစ်ပြီးကြားဖူးနေကျနံမည်မျိုးမဟုတ်ခဲ့ပေ ။ သူ့အမျိုးသားရဲ့နံမည်ကတော့
စပန်ဆာအက်ဒဝပ် လို့ခေါ်တယ် ။ သူကဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပြီးကမ္ဘာအနှံ့ဓာတ်ပုံပတ်ရိုက်လေ့ရှိတယ် ။ ဒီကိုရောက်တော့အဖိုးနဲ့အကြောင်းပါပြီးအခြေကျလေသတည်းပေါ့ ။ လွန်ခဲ့တဲ့နှစ်ငါးဆယ်ကျော်လောက်ကဓာတ်ပုံတွေကိုပြန်ကြည့်ရင်း အဖိုးငယ်ငယ်ကအတော်လေးလှတယ်လို့သူထင်မိတယ် ။

-少爷王(သခင်လေးဝမ်)-Where stories live. Discover now