-27-

11.7K 1.2K 28
                                    

မွှေးပျံ့နေတဲ့ပေါင်မုန့်ကိုသူစိုက်ကြည့်ရင်း ခေါင်းညိတ်လိုက်မိတယ် ။ ထိုအချိန်ကစပြီးသူ့အခန်းကျဥ်းထဲ သခင်လေးက အမြဲရောက်ရောက်လာတော့တယ် ။

ရှောင်းကျန့်စကားများများပြောလာနိုင်တော့ သခင်လေးလို့စခေါ်ခဲ့တယ် ။ တစ်အိမ်လုံးကလည်းသူ့ကိုသခင်လေးလို့ခေါ်ကြပေမဲ့ သခင်လေးကရှောင်းကျန့်ကိုညာပြောတယ် ။ သူကသခင်လေးမဟုတ်ဘဲ ရှောင်းကျန့်ဖေဖေတဲ့ ။
ဒါကိုယုံရအောင်ရှောင်းကျန့်ကငတုံးလေးမဟုတ်ခဲ့ပေ ။

ရှောင်းကျန့်ကအသက်တစ်နှစ်ပိုကြီးပေမဲ့ သခင်လေးနဲ့မှကျောင်းအတူတက်ရတယ် ။ သခင်လေးလို့ခေါ်ဆိုနေတဲ့သူ့ကို သူငယ်ချင်းတွေကအစေခံလေးဆိုပြီးလိုက်စကြတယ် ။ သူငိုတဲ့အခါ သခင်လေးကရုံးခန်းထဲရောက်သွားတယ် ။ သူ့ကိုစတဲ့ကလေးတွေကို သခင်လေးက ကွန်ပါဘူးနဲ့လိုက်ထုခဲ့တာပဲ ။ ဒါကမူကြိုကအဖြစ်အပျက်အစလေးပေါ့ ။

သူတို့ကျောင်းကြီးတက်တော့ သခင်လေးဆိုတဲ့အခေါ်အဝေါ်ကိုရှောင်းကျန့်မခေါ်ရဲတော့ပေ ။ ရိပေါ်က မွေးနေ့လက်ဆောင်စကိတ်ရလာတဲ့အခါ စကိတ်စီးသင်ခဲ့တယ် ။ ရှောင်းကျန့်ကတော့စစီးတာနဲ့ မှောက်ကျပြီးသွားကျိုးသွားတာမို့ လုံးဝထပ်မစီးရဲတော့ပေ ။ ရိပေါ်ကသူ့ကိုစကိတ်ပေါ်ခွထိုင်ခိုင်းပြီးအနောက်ကနေတွန်းပေးတတ်တယ် ။
ကြာတော့ ရိပေါ်ကအဲ့သလိုဆော့ရတာမပျော်တော့ပေ ။ သူ​စကိတ်စီးထွက်တိုင်းအနောက်ကပြေးလိုက်နေတဲ့ရှောင်းကျန့်ကိုကြည့်ရတာလည်းသူမပျော်ပေ ။ သူကရှောင်းကျန့်ကိုမနိုင်မနင်းကုန်းပိုးရင်းစကိတ်တက်စီးခဲ့တယ် ။ ပျော်စရာကောင်းလွန်းလို့ သူတို့တစ်ပါတ်လောက်ခြေထောက်ပတ်တီးစည်းခဲ့ရတယ် ။ ပတ်တီးဖြေတာနဲ့သူတို့ထပ်ဆော့ကြတယ် ။ ကြာလာတာနဲ့အမျှ ခက်ခဲတဲ့အလုပ်ကသူတို့အကျွမ်းကျင်ဆုံးဖြစ်လာခဲ့ပါတယ် ။

ရိပေါ်နဲ့ရှောင်းကျန့်အတွက် အိမ်ကမုန့်နဲ့ထမင်းဘူးကိုအမြဲပြင်ဆင်ထည့်ပေးတယ်။
ကလေးတွေမို့အိမ်ကပိုက်ဆံပေးမကိုင် ။ အတန်းထဲကလူတွေအမြဲဝယ်စားနေတဲ့မုန့်ဆိုင်ကိုတွေ့တော့ သူစားချင်လာတယ် ။ ရိပေါ်ကထမင်းဘူးနှစ်ဘူးကိုတစ်ဖက် ၊ ရှောင်းကျန့်လက်ကိုတစ်ဖက်ဆွဲထားရင်း ငေးနေတဲ့ရှောင်းကျန့်ကိုလက်လှုပ်သတိပေးတယ် ။

-少爷王(သခင်လေးဝမ်)-Where stories live. Discover now