-26-

11.4K 1.2K 102
                                    

အလုပ်နားထားတဲ့အချိန်ရှောင်းကျန့်တစ်ယောက်ထဲတွေးငေးနေရင်းငယ်ငယ်ကကိစ္စတွေက ခေါင်းထဲပြန်ရောက်လာခဲ့တယ် ။ ရိပေါ်တစ်ယောက်သူ့အပေါ်အထိမခံ ၊ သဝန်တိုလွယ် ၊ ခံစားလွယ်ဖြစ်နေရတာကိုသူနားလည်ပေးနေနိုင်တာက ကလေးဘဝကတည်းက ကျင့်သားခဲ့ရတာလို့သူထင်တယ် ။ မဟုတ်ရင် ဓာတ်ပုံလေးလှလို့ကြည့်မိရင်တောင်အထဲကမော်ဒယ်နဲ့သဝန်ကောက်တိုပြီးပြဿနာရှာတဲ့ယောကျာ်းကို ဘယ်သူကမကွာရှင်းပဲနေနိုင်မှာလဲ?  သူလက်ခံထားတဲ့သူငယ်ချင်းတွေကလွဲရင် ဘယ်လူနဲ့မှရောရောနှောနှောမနေရဘူးဆိုတဲ့ချုပ်ခြယ်မှုမျိုးကိုရော ဘယ်သူကလက်ခံနိုင်မှာလဲ?  အသက်တွေကြီးလာတာတောင် စိတ်မထိန်းတတ်သေးဘဲ ရှောင်းကျန့်အပေါ်ဘောင်ကျော်လာရင် လက်သီးကိုအရင်ထုတ်သုံးတတ်တဲ့သူ ။ ကြီးမှ တွေ့ခဲ့တာဆိုရင် ရိပေါ်ကိုဘယ်လောက်ချစ်နေပါစေ သူလမ်းခွဲပစ်မိမှာပဲဖြစ်တယ် ။

ရှောင်းကျန့်ကိုမွေးတုန်း မေမေကမီးတွင်းထဲဆုံးပါးသွားခဲ့တယ် ။ အမေကိုသေစေတဲ့ကလေးမို့ အစွဲကြီးတဲ့ဖေဖေကလည်းသူ့ကိုကံမကောင်းတဲ့ကလေးလို့ထင်သည် ။ အမိမဲ့ကလေးပေမဲ့ အိမ်အလုပ်သမားတွေထဲ သားသည်မိခင်ရှိနေတာမို့သူသဘာဝနို့နဲ့ကြီးပြင်းခွင့်ရခဲ့တယ် ။ သူဟိုတောက်တောက်ဒီတောက်တောက်နဲ့ လေးဘက်ထောက်သွားတဲ့အရွယ်မှာပဲ သခင်လေးဝမ်ကအိမ်ပေါ်ရောက်လာခဲ့တယ် ။ သူဌေးလင်မယားကလေးချီပြီးပွဲလုပ်တော့ ဖေဖေကရှောင်းကျန့်ကိုဖက်ထားပြီး မေမေ့ဓာတ်ပုံရှေ့တစ်ညလုံးငိုနေခဲ့တယ် ။

ရှောင်းကျန့်လမ်းလျှောက်တတ်တဲ့အရွယ်နို့တိုက်မိခင်ရဲ့ကလေးက အဖျားကြီးဝင်ပြီးသေဆုံးသွားခဲ့တယ် ။ ဖေဖေကသူ့အပေါ်သံသယတွေပိုများလာခဲ့တယ် ။ နို့တိုက်မိခင်ကတော့သူ့ကလေးအစားသူ့ကိုပိုတိုက်ခဲ့ပြီးစိတ်ဖြေရှာတယ် ။

သခင်လေးဝမ်ကဖွံ့ဖြိုးမှုမြန်ပြီး လမ်းလျှောက်သင်တဲ့တွန်းလှည်းလေးတွေ ၊ ဂရုစိုက်မဲ့သူတွေများလွန်းတာမို့ ရှောင်းကျန့်အိပဲ့ပဲ့နဲ့လမ်းလျှောက်နေနိုင်တုန်းရှိသေး ၊ သူကပြေးနေခဲ့ပြီ ။ ရှောင်းကျန့်စကားသေချာမပြောတတ်သေးပေမဲ့ သခင်လေးဝမ်က ဗိုလ်ကျပြီးသူ့ကိုငိုအောင်စတတ်နေပြီ ။ သခင်လေးကသူ့ကိုတွေ့တိုင်းသူ့ကိုဖေဖေကထားသွားပြီလို့ငိုတဲ့အထိစတယ် ။ ဖေဖေက မေမေကြီးတို့နဲ့အလုပ်သွားမှန်းသူသိပေမဲ့လည်း သခင်လေးဝမ်စရင်အာသီးပေါ်တဲ့အထိငိုမိတာပဲ ။ ရှောင်းကျန့်ငိုတာကိုကြည့်လို့ဝရင် သခင်လေးဝမ်က သူ့အင်္ကျီနဲ့မျက်ရည်သုတ်ပေးပြီး ပြန်ချော့တယ် ။ သူချော့တာက အရမ်းမွှေးပျံ့တဲ့သွားရည်စာမုန့်တွေနဲ့ပေါ့ ။ ရှောင်းကျန့်အကျင့်ဆိုးလေးကပ်ပါသွားခဲ့တယ် ။ သူငိုရင်ကောင်းတာတွေစားရမယ်ဆိုတဲ့အသိက စနောက်တာကိုမခံစားရရင်တောင်အော်ငိုဖို့မျက်ရည်ကလွယ်လာခဲ့တာပါပဲ ။

-少爷王(သခင်လေးဝမ်)-Where stories live. Discover now