-22-

13.9K 1.3K 116
                                    

"မင်းကိုကြိုက်လိုက်တာ "

ရိပေါ်ရဲ့ရင်ဘတ်ကိုပွတ်ရင်း ရှောင်းကျန့်ကျေနပ်နေမိတယ် ။ သူကလုပ်တာတော်တာပဲ ။ သူ့ယောကျာ်းကဒီလောက်အင်အားကောင်းနေတာသူဂုဏ်မယူဘဲမနေနိုင်ပေ ။

"နာသွားလား "

" ငါဘာလို့စောစောမလုပ်ခဲ့မိတာလဲ ဒါကအရမ်းမိုက်တယ် "

"မင်းပျော်ရင်ရပြီ ၊ ကိုယ်အဆာပြေတစ်ခုခုမှာပေးရမလား ဆေးပါမှာလိုက်မယ်လေ "

"ငါဗိုက်မဆာဘူး"

"အဲ့ဒါဆို သန့်ရှင်းရေးလုပ်ပေးမယ် ၊
မင်းဆေးထည့်မှဖြစ်မှာ "

ရိပေါ်ကသူ့ကိုပွေ့ချီသွားပြီးသန့်ရှင်းရေးလုပ်ပေးတယ် ။ ရေကန်ထဲအတူစိမ်နေရင်းကျောပြင်မှာကပ်နေတဲ့ ရိပေါ်ရဲ့ရင်အုပ်ကြွက်သားတွေကိုခံစားနေမိတယ် ။

"အဲ့လောက်တောင်သဘောကျလား "

"မင်းကလူမဆန်ပေမဲ့ လူမဆန်တာကိုငါအရမ်းအားရတယ် "

ရိပေါ်ကရယ်လိုက်ပြီးသူ့လည်ပင်းတွေကိုလာနမ်းတယ် ။

"တစ်ရက်နားပြီးရင် ကိုယ်မင်းကိုအလည်ခေါ်သွားပေးမယ် "

"ကောင်းပြီ ငါလမ်းလျှောက်နိုင်ခဲ့ရင်ပေါ့ "

ရယ်သံတွေက ပေါ့ပေါ့ပါးပါး ။ သူတို့လက်တွေကတင်းကျပ်စွာဆက်သွယ်ထားခဲ့တယ် ။

. . .

နောက်ရက်တွေမှာတော့ ဂျပန်မြို့ရဲ့အထင်ကရနေရာတွေကိုလည်ပတ်ခဲ့ကြပြီး ရှောင်းကျန့်လိပ်ပြာဖြူလေးနှစ်ကောင်လက်ဆောင်ရလာတယ် ။ ဒါမျိုးလိပ်ပြာဖြူလေးတွေ တရုတ်မှာမတွေ့ဖူးခဲ့ပေ ။

"ပုလင်းထဲပိတ်ထားတာမရိုင်းဘူးလား "

ကိုယ်ပိုင်လေယာဥ်နဲ့ပြန်လာတာမို့သူတို့တွေအတော်လေးလွတ်လပ်နေတယ် ။

"လွှတ်ချင်လွှတ်လိုက်လေ "

"ရိုက်ကူးရေးပြီးရင်လွှတ်လိုက်မယ် "

လိပ်ပြာဖြူလေးနှစ်ကောင်က ကျဥ်းမြောင်းတဲ့ပုလင်းထဲစိတ်မချမ်းမြေ့ဖွယ်ပျံဝဲနေခဲ့ကြပါတယ် ။ အိမ်ပြန်ရောက်တာနဲ့ သူ လိပ်ပြာကန်ခပ်ကြီးကြီးဆောက်လိုက်ပြီး လိပ်ပြာအတွက်လိုအပ်တာလေးတွေထည့်ဆင်လိုက်တယ် ။ မလွှတ်ပေးခင်အထိဒီကန်ကအဆင်ပြေမယ်လို့သူထင်တယ် ။

-少爷王(သခင်လေးဝမ်)-Where stories live. Discover now