-24-

13.5K 1.2K 26
                                    

ရုပ်ရှင်ကို လာမည့်လထဲ Online ရုပ်ရှင်အနေနဲ့ပြသမှာမို့ လက်မှတ်တွေကိုလည်းစတင်ရောင်းချခဲ့တယ် ။ လူထုကလည်း ပွဲဦးထွက်ကို စီးရီးတွဲမလွှင့်ဘဲရုပ်ရှင်ကြီးပြသမှာမို့ စိတ်ဝင်စားမှုမြင့်ခဲ့တယ် ။ သူတို့တွေ Online Ticket ရောင်းချတဲ့အချိန် မျှော်မှန်းထားသလောက်အရေအတွက်မရခဲ့ ။ ရိပေါ်ရဲ့နောက်ခံကြောင့်လူစိတ်ဝင်စားခံရတာနဲ့ အောင်မြင်တဲ့ရုပ်ရှင်ဖြစ်ဖို့ဆိုတာက ကွဲပြားတဲ့လမ်းကြောင်းဖြစ်တယ် ။ အထူးသဖြင့်ရုပ်ရှင်ရဲ့ ဝတ္ထုကိုလူမသိပေ ။ ဇာတ်လမ်းထဲကသရုပ်ဆောင်တွေကလည်း နံမည်ကြီးထဲကမဟုတ် ။ ယခုဝယ်သူတွေကတွေကလည်း ဝေဖန်အကဲခတ်ဖို့ ၊ စိတ်ဝင်စားလို့ဆိုတာထက်မပို ။ ရိပေါ်ကတော့ဒါတွေကိုဂရုမစိုက် ။ ပုံမှန်မိတ်ဆက် Video တွေသာလွှင့်ရင်း လွန်ကဲတဲ့ Promotion မဆောင်ရွက်ခဲ့ပေ ။ သူ့ကောင်လေးရဲ့ပွဲဦးထွက်ကိုငွေအဆမတန်သုံးပြီးမှအောင်မြင်တယ်ဆိုတဲ့သမိုင်းမချန်ခဲ့နိုင်ပါ ။

ရုပ်ရှင်ပြသဖို့ တစ်ပါတ်အလိုကျမှ ရှောင်းကျန့်ရဲ့ဝတ္ထုကိုအရင်ထုတ်ဝေလိုက်ကြတယ် ။ ထို Application ထဲရုပ်ရှင်ဇာတ်လမ်းတွဲတွေသာမက Online Novel တွေအတွက်ပါထည့်သွင်းရေးဆွဲခဲ့တာမို့ အတော်လေးအဆင်ပြေသည် ။ Application ကိုစာရင်းသွင်းထားတဲ့သူတွေအကုန်လုံးဝတ္ထုကိုနှစ်ခြိုက်ခဲ့ကြပြီး ဝေမျှရာမှရှောင်းကျန့်ရဲ့ကလောင်နံမည်က ရက်ပိုင်းအတွင်းဝုန်းခနဲပေါက်သွားခဲ့တယ် ။ Application ထဲ တစ်ရက်ကို လူအယောက်သောင်းချီဝင်လာကြပြီး Site ထဲရှိနေချိန်က ဇာတ်လမ်းတွဲသုံးလေးခုလွှင့်နေတဲ့ Site တွေနီးပါး အောင်မြင်ခဲ့တယ် ။

ဝတ္ထုအတွက် ငွေသွင်းဖတ်ရတာဆိုပေမဲ့ဖတ်ရှုနှုန်းကမနည်းပေ ။ ဝတ္ထုရဲ့ပရိတ်သတ်တွေကရုပ်ရှင်အတွက်ပါလက်မှတ်ဝယ်ယူခဲ့ကြတယ် ။
ရှောင်းကျန့်ရဲ့အကောင်းဆုံးအချိန်တွေဖြစ်လာတာကြောင့်ပြဿနာတွေကိုတောင်သတိမရနိုင်တော့ ။

"တကယ်ပဲ ဒါကငါလား... ဒါကသုညဘယ်လောက်တောင်ပါတာလဲ "

ဝတ္ထုရဲ့ရောင်းရငွေကိုကြည့်ရင်းရှောင်းကျန့်ကအတိအကျရေတွက်နိုင်ဖို့တောင်မတတ်နိုင်တော့ပေ ။

-少爷王(သခင်လေးဝမ်)-Where stories live. Discover now