နွေရာသီကျောင်းပိတ်ရက်တစ်ခုမှာ အိမ်ခြေနည်းပါးသော တောင်ပေါ်မြို့ကလေးတစ်မြို့၏ မိဘမဲ့ဂေဟာတွင် သူဌေးတစ်ဦး၏သားဖြစ်သူ
မောင်မိုးသကြားမောင်(ခ)ငယ်ငယ်
၏ (၈)နှစ်ပြည့်မွေးနေ့ကို ထိုဂေဟာမှာ လာရောက်အလှူအတန်းလာပြုသည်။"မေမေ ဟိုကောင်လေးကို ကြည့်ပါဦး
တကယ့်ချစ်စရာလေး သားထက်ငယ်မယ်ထင်တယ်""ဟုတ်ပါ့ ငယ်ငယ်ပြောမှကြည့်မိတယ် ပါးဖောင်းဖောင်းလေးနဲ့ ဖြူဖြူလေးနော်"
ထို့နောက် ငယ်ငယ်က စကားဆိုပြန်သည်
"မေမေ သားတို့သူကို မွေးစားကြရအောင်"
"ငယ်ငယ်ရယ် ဘယ်သူကမွေးပြီးရောက်လာမှန်းမသိနဲ့ ကောင်းလားဆိုးလားလဲ မသိဘဲ မေမေတော့ မမွေးစားချင်ပါဘူး"
"မေမေကလည်း ဖေဖေဆုံးပြီးကတည်းက သားအထီးကျန်နေတာ ပြီးတော့ ကစားဖို့ အိမ်မှာ အဖော်လဲမရှိဘူး သားပျင်းတယ်"
ထိုသို့စကားဆိုလာသောအခါ ဒေါ်စန္ဒါသည် သဘောတူပါသည့်ဟု ခေါင်းငြိမ့်ပြလာသည်။
"ဒါဆို မေမေ ကျောင်းကဆရာမကြီးတွေနဲ့ သွားစကားပြောကြည့်အုန်းမယ်။ငယ်ငယ် ဒီနားမှာစောင့်နေနော်"
"ဟုတ်မေမေ"
အတန်ကြာတော့ ဒေါ်စန္ဒါနှင့်အတူ ထိုကောင်လေးပါလာသည်။
"ငယ်ငယ် သူက ငယ်ငယ်ထက်(၁)နှစ်ကြီးတယ်တဲ့။ငယ်ငယ် အဆင်ပြေရဲ့လား"
"ဟုတ် အဆင်ပြေပါတယ် မေမေ"
"ငယ်ငယ်ကို မင်းနာမည် မိတ်ဆက်လိုက်လေ"
"ဟို.. ကျွန်တော့်နာမည် သက်တန့်ကောင်းကင်ပါ"
"ငါ့နာမည်က မိုးသကြားမောင်"
"ဒါဆို မေမေတို့ အိမ်ပြန်ရအောင် ငယ်ငယ်
သက်တန့်အတွက်လဲ လိုအပ်တာတွေ ဝယ်ပေးရဦးမယ် စောစောပြန်ကြရအောင်"ထို့နောက် ကားလေးသည် ငယ်ငယ်တို့အိမ်၌ ဆိုက်ရောက်လာသည်။