Part-6

10 3 0
                                    

သက်တန့်နှင့် သီရိသည် အတန်းလည်းတူ အခန်းလဲတူ၍ အမြဲတစ်ပူးပူးတစ်တွဲတွဲပင် ဖြစ်​နေသည်​။အခုလဲကြည့် သက်တန့်နဲ့သီရီ စာကျက်ခန်းထဲမှာ စာအတူကျက်​နေကြသည်။
သက်တန့်သည် သီရိ​ရောက်လာသည့်​ ​နောက်ပိုင်းတွင် ငယ်ငယ်နှင့် တစ်ခန်းထဲအိပ်ရုံကလွဲ၍ စကားမ​ပြောဖြစ်ကြပါ။(၁၀)တန်း စာ​​မေးပွဲကြီး နီးပြီဖြစ်​သော​ကြောင့် စာကိုသာ အာရုံစိုက်​နေရသည်။
ငယ်ငယ်သည် သက်တန့်နဲ့သီရိ အတူရှိ​နေခြင်းကို မကြိုက်ပါ။ငယ်ငယ်နှင့် သီရိ၏ ဆက်ဆံ​ရေးမှာလည်း စကားပင်​သေချာမ​ပြောဘူးကြပါ။

"ငယ်ငယ် ငါ့ကိုစိတ်ဆိုး​နေတာလားဟင် ငါ့ကို​ရှောင်​နေသလိုဘဲ"

"မင်းနှင့် သီရိ ဆက်ဆံ​ရေးကဘာလဲ သက်တန့်
သူ့ကို ကြည့်တဲ့အကြည့်​တွေက​ကော ဘာလဲ
စာ​မေးပွဲနီးလို့ ဆိုပြီး စား​ကောင်း​ကောင်းကျက်ရ​အောင် လွှတ်ထားတာ ​ရောင့်တက်မလာနဲ့၊မင်းတို့လို ကျွန်​တွေက ​လွှတ်ထားရင် ​ရောင့်တက်ကြတယ်တဲ့ ​မေ​မေ​ပြောတာ အခု​တော့ငါယုံသွားပြီ"

ငယ်ငယ် ကျွန်​တော့်ကို​ပြောရက်သည်။ငယ်ငယ်စကားကို ကြားကာ ကျွန်​တော်တကယ် ဝမ်းနည်းရပါသည်။

"ကျွန် ဟုတ်လားငယ်ငယ် ငါမင်းကို ညီ​လေးတစ်​ယောက်လို သ​ဘောထားပြီး ​နေခဲ့တာပါ
အရာအားလုံး မင်းဆန္ဒ​တွေချည်းဘဲ ငါဦးစား​ပေးခဲ့တာပါ အခု​တော့မင်းက ​ပြောရက်တယ်။
ငယ်ငယ်ကလို မင်း​ကိုပြန်​ပြောလို့ ဗိုက်​ခေါက်ဆွဲလိမ်ဦးမှာလား လာလုပ်​လေ ငါကမင်း​ပြောသလိုကျွန်ဘဲ မင်းလုပ်တာ ခံရုံ​ပေါ့"

ဒါဟာ ကျွန်​တော် ငယ်ငယ်ကို ပထမဆုံးအကြိမ် ပြန်​ပြောခြင်းဖြစ်သည်။ငယ်ငယ် မင်းသိပ်ရက်စက်တယ် ငါရင်​တွေနာလိုက်တာ မင်း​ပြောတာလဲ ဟုတ်ပါတယ်
ငါကမင်းရဲ့ကျွန်ဘဲဟာ မင်း​ကျွေးတာစားရတယ် မင်းခိုင်းတာလုပ်ရတယ် ငါ့ကိုယ်ငါ ကျွန်မှန်း​မေ့​နေခဲ့တာ သတိ​ဖော်​ပေးလို့ ​ကျေးဇူးပါ ငယ်ငယ်​ရေ။

ကျွန်​တော် ငယ်ငယ်နှင့် သွားမအိပ်​တော့ဘဲ ဘုရားခန်းထဲမှာသာ အိပ်​တော့မည်။ကျွန်​တော် ငယ်ငယ်နှင့်
​ဝေး​ဝေးမှာသာ ​နေချင်​တော့သည်။ ငယ်ငယ်ကို မျက်နှာချင်း မဆိုင်ရဲတာလဲ ပါမည်။

ငယ်ငယ်နှင့် သီရိသည် တခြားဆီပါ။သီရိက စာ​တော်သည်၊ကျွန်​တော်အား စာ​တွေလည်း ရှင်းပြသည်၊သီရိသည် လှသည် ယဥ်​ကျေးသည် ကြင်နာသည် မိန်းက​လေးဆန်သည် ။ထို့သို့​သော မိန်းက​လေးအနားကို ​နေချင်တာ အဆန်းလား ငယ်ငယ်​ရယ်။

ငယ်ငယ်တစ်​ယောက် သက်တန့်အား ​ပြောချင်ရာ​ပြောပြီး အခန်းထဲတွင် ​ယောက်ယှက်ခက်​နေသည်။
သက်တန့် ငါ့အ​ပေါ်မှန်း တစ်မျိုးထင်သွား မလား
အခု​တောင် (၁၀)နာရီထိုး​နေပြီ ငါ့ဆီလဲလာမအိပ်ဘူး သူဘာ​တွေမှန်း လုပ်​​နေတာပါလိမ့်။

မ​နေနိုင်သည့်အဆုံး ငယ်ငယ်သည် အခန်းပြင်ထွက်လာကာ သက်တန့်အား လိုက်ရှာရ​တော့သည်။ငယ်ငယ်သည် ဘုရားခန်း၌ ​ကွေး​ကွေး​လေး အိပ်​နေ​သော သက်တန့်အား မြင်ကာ လွန်စွာဝမ်းနည်းသွားရသည်။

"သက်တန့် ထ​လေ ​​အေးက​အေးနဲ့ ဒီမှာဘာလို့ အိပ်​နေတာလဲ
ခုနက​ပြောလိုက်တာက ငါစိတ်တိုသွားလို့ပါ ငါ​တောင်းပန်ပါတယ် ခွင့်လွှတ်ပါ​နော် သက်တန့်"

"အင်း"

"လာ အခန်းထဲ သွားရ​အောင် ငါ့မှာမင်းတစ်​ယောက်ထဲ ရှိတာ​လေ မင်းကအရင်လို ငါ့နားမ​နေဘဲ သီရိနားဘဲကပ်​နေ​တော့ ငါလဲစိတ်တိုပြီး​ပြောမိသွားတာ ငါ​တောင်းပန်ပါတယ်​နော်"

"ရပါတယ် ငါငယ်ငယ်ကို အရင်အတည်းက နားလည်​ပေးပြီးထားတာပါ"

"​ကျေးဇူး​နော် သက်တန့် ​​နောက်တစ်ခါ ငါ့အနားမှာဘဲ​နေ​နော်"

"ငယ်ငယ်"Where stories live. Discover now