ငယ်ငယ်နှင့် ကျွန်တော်သည် ပြေလည်သွားသော်လည်း ဆက်ဆံရေးမှာ အရင်လိုမဟုတ်ချေ။
ငယ်ငယ်က ကျွန်တော်ကို တစ်ဖြည်းဖြည်း အထက်စီးဆန်လာသည်။ကျွန်တော်ကလည်း ပြသာနာ မဖြစ်ချင်လွန်း၍ ငယ်ငယ် ဘဘောကိုသာ လိုက်လျောနေရသည်။ ငယ်ငယ်သည် ကျွန်တော်နဲ့ သီရိရှိနေခြင်းကိုပင် လွန်စွာဒေါသထွက်နေသည်။အန်တီစန္ဒါခိုင်းထားသောကြောင့် ကျွန်တော် ခြံဝန်းထဲရှိ ပန်းအိုးများကို ရွေ့နေရသည်။ကျွန်တော်ဆီ သီရိတစ်ယောက်လာနေသည်ကို မြင်နေရသည်။
"သက်တန့် နင်ကလဲ စာမေးပွဲကဖြင့် နီးနေပြီကို ဒါတွေလုပ်မနေပါနဲ့။စာလဲရတာ မဟုတ်ဘဲနဲ့ စာသာသေချာလုပ်စမ်းပါ"
"ရပါတယ်ဟ အန်တီကလုပ်ခိုင်းထားလို့ပါ
စာမရလဲ ဘာပူစရာရှိလဲ ငါ့ကိုစာရှင်းပြမယ့် နင်ရှိတာဘဲ""အမလေး စကားတတ်လိုက်တာ သက်တန့်ရယ်"
သီရိစကားကြောင့် ကျွန်တော်ရယ်မိသွားသည်။ကျွန်တော်နှင့် သီရိကြားတွင် သံယောစဥ်ကြိုးလေး တစ်ခုရှိနေသည်။ကျွန်တော်မျက်လုံးတွေ ဘာပြောလဲ သိရီသိပါလိမ့်မည်။သီရိမျက်လုံးတွေကိုတော့ ကျွန်တော်သိတယ်။ဒါပေမယ့် ကျွန်တော်နှင့်သူမ မဖြစ်နိုင်ပါ။
ငယ်ငယ်ပြောသလို ကျွန်တစ်ကောင်က မင်းသမီးကိုသွားမှန်းလို့ ဘယ်ရမှာလဲပန်းအိုးတွေရွေ့ပြီး ရေချိုးရန် ငယ်ငယ်အခန်းဆီ သွားလိုက်သည်။ ငယ်ငယ်သည် စာကြည့်စာပွဲ၌ စာအုပ်ဖတ်နေသည်။ဝင်လာသည့် ကျွန်တော်အား မြင်တော့
"ဘယ်လိုလဲ သက်တန့် မင်းခြံထဲမှာ တော်တော်မှပြောခဲ့ ကြရဲ့လား"
ငယ်ငယ်အမေးကို ကျွန်တော်ပြန်မဖြေတော့ပါ။ပြန်ပြောမိရင်လည်း မှားမှားမှန်မှန် ကျွန်တော်ကသာတောင်းပန်ရမည် မဟုတ်လား။မကြားချင်ယောင်ဆောင်ကာ ရေချိုးခန်းထဲသို့ ဝင်မည်အလုပ်
"ငါမေးတာတောင် ပြန်မဖြေနိုင်ဘူးတော့ ဘာလဲ ပလူးနေတာ လူမြင်သွားလို့လား"
"ငယ်ငယ် မင်းစကားတွေ လွန်မလာနဲ့နော် မင်းဘာဖြစ်ချင်နေတာလဲ မင်း ပြသာနာကို ရှာလွန်းတယ်ကွာ ပြီးတော့ သီရိကိုလဲအားနာဖို့ကောင်းတယ် သူကမိန်းကလေးကွ မင်းနားလည်ရဲ့လား"
သက်တန့်သည် ငယ်ငယ်၏ အင်္ကျီကော်လံကိုဆွဲပြီး ဒေါသတကြီး ငယ်ငယ်အား အော်မိသည်။
တောင်းပန်ပါတယ် ငယ်ငယ်ရယ်
ငါ ဒီလိုမှမလုပ်ရင် မင်းပြောမယ့်စကားတွေ ငါဆက်ပြီး နားမထောင်နိုင်တော့လို့ပါ။"သက်တန့် မင်းငါ့ကို အဲဒီမိန်းကလေး အတွက်နဲ့ အခုလိုတွေတောင် လုပ်နေပြီပေါ့
မင်းက ငါသိတဲ့ သက်တန့်ရော ဟုတ်ရဲ့လား ငယ်ငယ်ကဆို ငါ့အတွက်ချည်း ကြည့်ပေးတဲ့ သက်တန့်ရော ဟုတ်ရဲ့လား မင်းပြောင်းလဲသွားတာ သိရဲ့လား သက်တန့်"ငယ်ငယ်သည် သက်တန့်အား မျက်ရည်စကလေးများနှင့် ပြောသည်။
ကျွန်တော် ငယ်ငယ်ကို မျက်ရည်ကျဖို့ ရည်ရွယ်ချင်းမဟုတ်ပါ။ဒေါသထွက်၍ အော်မိသွားခြင်းသာ ဖြစ်သည်။နောက်ဆုံးတော့လဲ မမှားဘဲ တောင်းပန်ရသည်မှာ ကျွန်တောင်ပင်သာ ဖြစ်သည်။
"ငယ်ငယ် ငါ့ကို ခွင့်လွှတ်ပါနော် ငါခုနက ဒေါသထွက်သွားလို့ပါ တမင်ရည်ရွယ်တာမဟုတ်ပါဘူး မငိုပါနဲ့နော် ငါတောင်းပန်ပါတယ်
စာမေးပွဲ ပြီးတာနဲ့ချက်ချင်း ငါသီရိနှင့် အဆက်သွယ် မလုပ်တော့ပါဘူး ငါကတိပေးပါတယ် မငိုပါနဲ့နော်"သက်တန့်သည် ငယ်ငယ်၏ မျက်ရည်စများကို သုတ်ပေးကာ ငယ်ငယ်အား ကတိများပေး၍ပင် ပြန်လည်ချော့ခဲ့ရသည်။
"သေချာလား သက်တန့်"
"အင်း သေချာတယ် မငိုနဲ့တော့နော် ငယ်ငယ်ငိုရင် ငါမနေတတ်ဘူး"
"အင်း "
သက်တန့် မင်းကို ငါက ပြသာနာ ရှာတယ်လို့ မင်းထင်နေမှာပါ။တကယ်တော့ မင်းကိုဟိုးငယ်ငယ်ကတည်းက ချစ်လို့ ဒီချိန်ထိမင်းနဲ့ အတူတူနေနေတာ။ ဒါကို မင်းက ငါ့အချစ်ကို မမြင်ဘဲ သီရိကိုမှ သွားချစ်ရတာလဲကွာ။။