မေမေ ဒါဘာတွေလဲ သားကိုဘာမှမပြောဘူး"
"မေမေပြောလဲ ငယ်ငယ်က လက်ခံမှာမှမဟုတ်တာ
အခု မေမေယူထားတဲ့လူက ဦးကျော်မိုးတဲ့ ကျောင်းဆရာဘဲသား သူ့သမီးလေးက သိရီတဲ့ သက်တန့်နဲ့ အတန်းတူဘဲ""ဒါတွေသားကို ဘာလို့လာပြောနေတာလဲ သားလက်မခံဘူး"
"လက်မခံလို့မရဘူး ငယ်ငယ် အခုအကုန်စီစဥ်ပြီးသွားပီ သားလဲသားမွေးစားချင်တဲ့ သက်တန့်ကိုမွေးစားပြီးပြီ မေမေလဲ မေမေလုပ်ချင်တာ လုပ်မယ်။ကိုယ့်အခန်းကို သွားနေ၊လူကြီးတွေ ကိစ္စဝင်မပါနဲ"
ငယ်ငယ်သည် အပေါ်တက်ခါ အခန်းတံခါးကိုသော့ခတ်ထားသည်မှာ ညနေပင်ရောက် နေပြီ။
"ငယ်ငယ် ငါပါ တံခါးဖွင့်ပေးပါနော်
နေ့လည်ကတည်းက ဘာမှမစားရသေးဘူးမို့လား ဗိုက်ဆာနေမှာပေါ့ တံခါးဖွင့်ပေးပါနော်"ကျွန်တော်ခေါ်သည်မှာ (၁)နာရီလောက်ပင် ကြာနေပြီ ငယ်ငယ် တံခါးဖွင့်မလာပါ။
ငယ်ငယ်ရယ် တံခါးဖွင့်ပါတော့ ငါတကယ် စိတ်ပူနေပြီ။ငါ့မှာ မင်းတစ်ယောက်ထဲဘဲ ရှိတာပါ။"ငယ်ငယ်ရေ ငါ့ကိုတော့တံခါးဖွင့်ပေးပါနော်
မင်းဘက်မှာ ငါရှိတယ်လေ ဖွင့်ပေးပါနော်
ငါကဘဲ တောင်းပန်ပါတယ်"ထိုသို့အတင်းတောင်းပန်မှ ငယ်ငယ်သည် တံခါးဖွင့်လာကာ ကျွန်တော်ကို လာဖက်သည်။
"ငယ်ငယ် စိတ်မကောင်းမဖြစ်ပါနဲ့နော်
မင်းဘက်မှာ ငါရှိတယ်လေ မငိုနဲ့နော် မင်းငိုရင် ငါတကယ်မနေတတ်လို့ပါ""မေမေ ငါ့ကို ဒီကိစ္စ တိုင်ပင်သင့်တာပေါ့ကွာ
ငါက သူ့သားတစ်ယောက်ဘဲ မဟုတ်လား""အင်းပါ ငါနားလည်ပါတယ် မင်းဆီမှာ ငါတစ်ယောက်လုံးရှိတယ်နော် စိတ်မကောင်းမဖြစ်ပါနဲ့"
"မင်းငါ့ကို နားမလည်ပါဘူး ငါ့ကိုဘယ်သူမှ့လဲ နားလည်မပေးနိုင်ကြဘူး ငါအမေက သူလုပ်ချင်တာ လုပ်သွားတာကွ"
"ဒါပေမယ့် မင်းမှာ အမေရှိသေးတယ်လေ ငါ့မှာရော
ငါ့မှာ အမေဆိုတာလဲ မရှိဘူး၊ အဖေဆိုတာလဲမရှိဘူး
မင်းမွေးစားလို့ ငါဒီကိုရောက်နေတာဘဲလေ မင်းကငါ့ထက် ကံအများကြီး ကောင်းပါတယ် ငယ်ငယ်ရာ"သက်တန့်မျက်ရည်တွေ ကျလာသည်။ရင်ထဲမှာ အနှစ်နှစ် အလလ ထိန်းချုပ်ထားတဲ့ ခံစားချက်တွေ ယခုမှ ထုတ်ကာပြောဖူးသည်။ထို့နောက် ငယ်ငယ်နဲ့ သက်တန့်ဖက်ကာ တစ်ယောက်ကို တစ်ယောက် နှစ်သိမ့်ပေးကြသည်။
"သက်တန့်ရေ ခနဆင်းခဲ့ပါအုန်းကွယ်"
အောက်ထပ်မှကြီးကြီးမြရဲ့ အော်သံ
ကြီးကြီးမြ အသံလဲကြားရော သက်တန့်မျက်ရည်တွေ သုတ်ကာ"ခနနော် ကြီးကြီးမြခေါ်နေလို့ ပြန်လာခဲ့မယ်
မငိုနဲ့တော့နော် ငယ်ငယ် မင်းမှာငါတစ်ယောက်လုံးရှိတယ်""ကြီးကြီးမြ သားကို ဘာခိုင်းမလို့လဲ"
"ရောက်လာပြီလား၊ငယ်ငယ်အခြေနေ ဘယ်လိုလဲ"
"သိပ်တော့မကောင်းဘူး ကြီးကြီးမြရေ"
"အေးပါကွယ် သူ့ကို ဂရုစိုက်လိုက်ပါ
သူ့ခဗျာ ငယ်ငယ်ကတည်းက အဖေက ဆုံးသွားတာ
အခု အမေက နောက်အိမ်ထောင်ပြုတော့ ခံစားနေရှာပါ သားကဘဲ ဂရုစိုက်လိုက်ပါကွယ်""ဟုတ်ကဲ့ ကြီးကြီးမြ သားဂရုစိုက်ပါ့မယ်"
"ဒီမှာ သူ့အတွက် ဆန်ပြုတ်လေး သွားတိုက်လိုက်ဦး"
"ဟုတ်"
"ငယ်ငယ် ငါပါ ဝင်ခဲ့ပြီနော်"
"ကြီးကြီးမြက ဆန်ပြုတ်တဲ့ သောက်လိုက်ဦးနော်"
"တော်ပြီ ငါမသောက်ချင်ဘူး"
"သောက်လိုက်ပါ ငယ်ငယ်ကလည်း
လာ ငါမှုတ်တိုက်မယ်နော် ဆေးလဲသောက်လိုက်ဦး
မနက်ဖြန်ကျောင်းသွားရဦးမှာ နေမကောင်းဖြစ်နေမယ် သောက်လိုက်ပါနော်""အင်း"
"ငယ်ငယ်က လိမ္မာ လိုက်တာကွာ"
