"သက်တန့်ရေ ခေါ်နေတာကြားဘူးလား မြန်မြန်လာ"
"ဗျာ အန်တီ ကျွန်တော်လာပြီဗျ"
"လာ မြန်မြန်"
"သမီးသီရိအတွက် ဟိုဘက်ရပ်ကွက်က မုန့်ဟင်းခါးသုတ် သွားဝယ်ပေးလိုက်စမ်း"
"ဟုတ် အန်တီ"
ငယ်ငယ်သည် အောက်ထပ်သို့ ဆင်းလာသည်။
မနက်အိပ်ယာက နိုးရင် အရင်ဆုံး သက်တန့်ကို ရှာတတ်သည်မှာ ငယ်ငယ်၏ အကျင့်ပင်ဖြစ်လေသည်။"ကြီးကြီးမြ သက်တန့်ကို မတွေ့ပါလား ဘယ်သွားနေတာလဲ"
"သီရိက မုန့်ဟင်းခါးသုတ် စားချင်တယ် ဆိုလို့တဲ့
မမလေးက သွားဝယ်ခိုင်းလိုက်တာ ပြန်လာတော့မှာပါ သားရယ်"ငယ်ငယ်သည် ကြီးကြီးမြ ပြောစကားကို ကြားကာ ဒေါသ ထွက်သွားသည်။
"မေမေ သက်တန့်ကို ဘာလို့သွားဝယ်ခိုင်းတာလဲ
တစ်ခြားတစ်ယောကို ခိုင်းပါလား""သက်တန့်ကို လာမခိုင်းနဲ့ သားမကြိုက်ဘူး"
ငယ်ငယ်သည် သက်တန့်ကို ခြံဝန်းထဲရှိ ဒန်းကလေးပေါ်၌ ထိုင်စောင့်နေလေသည်။
"ငယ်ငယ် ဒီမှာဘာထိုင်လုပ်နေတာလဲ မနက်စာစားပြီးပြီလား"
"မစားရသေးဘူး မင်းကိုစောင့်နေတာ ဘာလို့သူများခိုင်းတိုင်း လုပ်ပေးနေရနာလဲ"
"ခနနော် မုန့်ဟင်းခါးသုတ်တွေ ပွကုန်မှာဆိုးလို့ ကြီးကြီးမြဆီ သွားပေးလိုက်အုန်းမယ်"
"အန်တီက ခိုင်းလိုက်ပါ ငါက အန်တီခိုင်းလိုက်တာကို ဘယ်လိုငြင်းရမှာဘဲ စိတ်မဆိုးနဲ့နော် ငယ်ငယ်"
"သီရီဆိုတဲ့သူကလည်း ခုမှရောက်လာပြီး ဟိုဟာစားချင်ရတာနဲ့ ဒီဟာစားချင်ရတာနဲ့ စိတ်ပျက်ဖို့ကောင်းလိုက်တာ"
"ငယ်ငယ်ရယ် ဒါတွေပြောမနေပါနဲ့ ငါအခုရောက်လာပြီဘဲ မဟုတ်လား နောက်ပြီးငါကြောင့် အန်တီနဲ့ ရန်မဖြစ်နဲ့ပါနော်။ငါနေရခက်လို့ပါ"
"မနက်စာ သွားစားရအောင် ကျောင်းသွားချိန်နီးပြီလေ ငယ်ငယ်"
ကျောင်းသွားချိန်၌
သီရိကပါ ကျွန်တော်တို့နှင့်အတူ သွားသည်။ကျွန်တော်ယခုမှ သီရိကို သေချာမြင်ဖူးခြင်းဖြစ်သည်။သီရိသည် တော်တော်လှသည့် မိန်းကလေးတစ်ဦးဖြစ်သည်။နှာတံ ချွန်ချွန်လေးနှင့် အပြုံးလေးမှာပင် ယောက်ျားတကာပင် ငေးမောရလောက်သည်။"သက်တန့် မင်းမျက်လုံးတွေ ဘယ်ရောက်နေတာလဲ"
ငယ်ငယ်သတိပေးလိုက်တော့ကာမှ သက်တန့်တစ်ယောက် သတိဝင်လာသည်။
သက်တန့် မင်း သီရိကိုကြည့်တဲ့ အကြည့်တွေက တစ်မျိုးကြီးကွာ။ငါ့ကိုကျ တစ်ခါမှအာ့လိုမကြည့်ဖူးဘူး။ငါမင်းကို သဝန်တိုတယ် ပြီးတော့ မင်းကိုငါက မွေးစားထားတာ၊ ငါပိုင်တယ် မင်းချစ်ရင်လည်း ငါ့ကိုဘဲချစ်ရမယ်။ငါ့မှာ မင်းတစ်ယောက်ထဲရှိတာလေ မင်းတစ်ခြားလူနောက်ပါသွားရင် ငါရူးရပါတော့မယ် သက်တန့်ရယ်။ပြီးတော့ ငါမင်းကို သိပ်ချစ်တယ်။