"သက်တန့် ဟိတ်ကောင် ထဦး"
ငယ်ငယ်အသံကြားပေမယ့် မျက်လုံးတွေက ပွင့်မလာပါ။ငယ်ငယ်ကတော့ ဆက်တိုက်ခေါ်နေပါသည်။
"ဒီလောက်ခေါ်နေတာကို မနိုးဘူး အင့်ဟာ"
ကျွန်တော့်ဗိုက်ခေါက်ကို အားပါပါနဲ့ ဆွဲလာသည်။
"ထပါပြီ ငယ်ငယ်ရာ နာလိုက်တာ အတင်းဆွဲလိမ်ထားတယ်"
"မင်းကို နိုးနေတာ ကြာပြီလေ ထမှမထတာကို"
"ငယ်ငယ် ဘာဖြစ်လို့လဲဟင် အိပ်မပျော်လို့လား"
ငယ်ငယ်သည် ပြန်မဖြေတော့ပါ
သေချာသည်က ကျွန်တော်အား စိတ်ဆိုးနေသည်"ငယ်ငယ် စိတ်ဆိုးနေတာလားဟင် ငါဘာလုပ်ပေးရမှာလဲ ပြောလေ
ငယ်ငယ်ဖြစ်ချင်တာအကုန်ပြော ငါလုပ်ပေးပါ့မယ် စိတ်တော့မဆိုးနဲ့နော်""အဲ့တာဆို ငါနိုးတာ ဘာလို့မထတာလဲ"
ကျွန်တော် ငယ်ငယ်ကို မျက်နှာချိုသွေးကာ
"ငယ်ငယ်ကလည်း အခုတောင်ည(၁)နာရီ ထိုးနေပြီလေ အတင်းအိပ်ချင်လို့ပါ ခွင့်လွှတ်ပါနော်"
"......."
"ငယ်ငယ်ခုနက အိမ်မက်ဆိုးတွေ မက်လို့လား
လာ ငါချော့သိပ်မယ်လေ ငါ့ကိုစိတ်မဆိုးပါနဲ့နော်
တောင်းပန်ပါတယ်"ထိုသို့အတင်းတောင်းပန်မှ ငယ်ငယ် ကျွန်တော့်ဘက် လှည့်လာသည်။
"ငယ်ငယ်က လိမ္မာလိုက်တာကွာ"
ငယ်ငယ်ဆံပင်လေး ခပ်ပွပွလေးလုပ်ပြီး ကျွန်တော့်ရင်ခွင်ထဲ ထည့်ထားရသည်။
သက်တန့်ကလေ အိမ်မှာနေတာလဲ(၂)နှစ်လောက် ရှိပြီဆိုတော့ ကျွန်တော့်အကြောင်း ကောင်းကောင်းသိသည်။ကျွန်တော်ကို မျက်နှာမပျက်လဲမခံပါ။
အခုကြည့် ကျွန်တော် သူ့ရင်ခွင်ထဲမှာလေ
သက်တန့်ကို ကျွန်တော် သဘောကျသည်။ကျွန်တော့် မျက်နှာရိပ် မျက်နှာကဲလည်း ဖတ်တတ်သည်။
ကျွန်တော် ဘာလုပ်ချင်တယ်ကအစ သူ့အကုန်သိသည်။အခုတော့ သူ့ရင်ခွင်ထဲ ကျွန်တော် အိပ်လိုက်ရအုန်းမည်။နံနက်ခင်း အလင်းပျောက်လေးများကြောင့် ငယ်ငယ်နိုးလာရသည်။ဘေးတွင် သက်တန့်ရှိ မနေတော့ပေ။
"သက်တန့် မင်းဘယ်ရောက်နေတာလဲ"
ငယ်ငယ်အသံက အောက်ထပ်ရှိနေတဲ့ ကျွန်တော်ကောင်းကောင်းကြားရသည်ထက် ပိုသည်။
"ကြီးကြီးမြ ငယ်ငယ်အော်နေလို့ ခနသွားလိုက်ဦးမယ်နော်"
"အေးအေး"
ကျွန်တော့် မြန်မြန်ပြေးသွားရသည်။
တော်ကြာ ရွှေမင်းသားလေး စိတ်ကောက်နေမှဖြင့်"ငါအောက်ထပ်ရောက်နေတာ ကြီးကြီးမြကိုကူနေလို့ပါ"
"ဘာလို့ ငါ့အနားမှာ မနေဘဲဘယ်တွေလျှောက်သွားနေတာလဲ မင်းကိုဘယ်သူက ခိုင်းလို့လဲ"
"အန်တီက ငါ့ကို ကြီးကြီးမြဆီ ကူခိုင်းထားလို့ပါ ဒီနေ့ ပွဲတစ်ပွဲရှိလို့တဲ့"
"ဘာပွဲမို့လဲ"
"ဟို..အန်တီက နောက်အိမ်ထောင်ပြုမလို့တဲ့ အာ့တာ.."
သက်တန့်၏ စကားပင်မဆုံးလိုက်သေး ငယ်ငယ်
အောက်ထပ်ကို ပြေးဆင်းသွားသည်။