ကျွန်တော် ဂတိအတိုင်း သီရိနှင့် ခပ်ခွာခွာသာနေခဲ့သည်။ထိုသို့မှငယ်ငယ်သည် ကျွန်တော့်အား အရင်လိုကြည်ဖြူလာသည်။ယနေ့သည် (၁၀)တန်းစာမေးပွဲ ရလဒ်ထွက်မည့်နေ့ ဖြစ်ပါသည်။သီရိက 6Dမှန်းထားသည်။ကျွန်တော်သည်ကား ဂုဏ်ထူးရဖို့ထက် အောင်ဖို့သာ ဆုတောင်းနေရသည်။
"သက်တန့် မင်းအဲ့လောက်လဲ ဖြစ်မနေပါနဲ့ အောင်မှာပါ မင်းကတော်တာဘဲ"
"အင်း ကျေးဇူးပါ ငယ်ငယ်"
"မင်း ဒီည အိပ်ပျော်မှာမဟုတ်ဘူး အဲ့လောက် စိတ်လှုပ်ရှားနေရင် လာခဲ့ ငါ့ရင်ခွင်ထဲ လာအိပ်လှည့်
ငယ်ငယ်ကဆို မင်းက ငါအိမ်မက်ဆိုးတွေမက်ရင် ချော့သိပ်သလို ငါလဲမင်းကို ချော့သိပ်မယ်လေ"ထိုသို့ပြောလာသောကြောင့် ကျွန်တော်ငယ်ငယ် ရင်ခွင်ထဲ၌ ဝင်အိပ်ရတော့သည်။ငယ်ငယ်၏ အသက်ရှူသက်နှုန်းလေးကိုလည်း ခံစားမိသည်။
ကျွန်တော်သည် ဂုဏ်ထူး(၂)ဘာသာဖြင့် အောင်ခဲ့သည်။သီရိကတော့ သူမှန်းထားသည့်အတိုင်း (၆)ဘာသာ ပါခဲ့ပါသည်။သီရိသည် အောင်စာရင်းရလဒ်သိပြီးသည်နှင့် နိုင်ငံခြားသို့ ပညာတော်သင် ထွက်သွားခဲ့မှာ တစ်ပတ်ပင်ကြာမြင့်ခဲ့သည်။
ထို့သို့ကြောင့်လည်း သက်တန့်တစ်ယောက် မှိုင်မှိုင်ထွေထွေဖြစ်ကာ စိတ်နှင့်လူနှင့် မကပ်ပေ။
"သက်တန့် မင်းက(၂)ဘာသာနှင့်တောင် အောင်တာလေကွာ ပျော်စမှာမဟုတ်ဘူးလား ဘာလဲ သီရိက နိုင်ငံခြားထွက်သွားတော့ ရည်းစားနာကြနေတာလား"
"မဟုတ်ရပါဘူး ငယ်ငယ်ရာ ငါနှင့်သီရိကလည်း ဘာရည်းစားတွေမှမဟုတ်ပါဘူး"
"အင်း ရည်းစားမဟုတ်တာလည်း ကောင်းပါတယ် လာအိမ်ထဲဝင်မယ်"
"အင်း"
သက်တန့်ရာ မင်းစိတ်ထဲဘာတွေဖြစ်နေမလဲကွာ
ငါရှေ့မှာ သီရိကို လွမ်းပြနေတော့ ငါမနေတတ်တော့ဘူး သက်တန့်ရာ မင်းကိုချစ်ပေးနေတဲ့ငါကိုကျဘာလို့မမြင်ရတာလဲအချိန်အားဖြင့် ည(၁၁)နာရီတွင်
"သက်တန့် အိပ်ပြီလားဟင်"
"အင်း မအိပ်သေးပါဘူး ေပြာလေ ငယ်ငယ်"
"သက်တန့် ငါ မင်းကိုချစ်တယ်"
"ဟင်"
ငယ်ငယ်စကားများသည် အိပ်ချင်နေသောကျွန်တော့်မျက်လုံးများကို ပြူးကျယ်သွားသည်။
"ဘာတွေလျှောက်ပြောနေတာလဲ ငယ်ငယ်ရာ အိပ်ချင်မူးတူးနဲ့"
"မဟုတ်ဘူး ငါအတည်ပြောနေတာ"
ငယ်ငယ်သည် ရုတ်တရက်ဆိုသလို သက်တန့်၏ နှုတ်ခမ်းလေးအား ဖိကပ်စွာ နမ်းလိုက်သည။
ဘုရားရေ ငယ်ငယ်တစ်ယောက် ဘာတွေလုပ်နေတာလဲ ဒီအခြေနေသာ အန်တီစန္ဒါမြင်သွားရင် မိုးမီးလောင်မှာ
"မဟုတ်ဘူး ငယ်ငယ် မင်းစိတ်ကစားနေတာ ဖြစ်မှာပါ"
"ငါ အတည်လို့ပြောနေတယ်လေ သက်တန့်
မင်းကို ဂေဟာမှာစတွေ့ကတည်းက ငါချစ်တာ နားလည်လား မင်းကသီရိကို ငါ့ရှေ့မှာ လာလွမ်းပြနေတော့ ငါဘယ်လောက်ထိခံစားနေလည်း မင်းသိလား"ငယ်ငယ်တစ်ယောက် စိတ်ထဲရှိသမျှအရာတွေ သက်တန့်အား ပြောမိသွားသည်။
"ဟင်"
"ဟင် လုပ်မနေနဲ့ မင်းကလေ ငယ်ငယ်ကအတိုင်းဘဲ အူတူတူနဲ့"
"အေးပါ ငယ်ငယ်အတည်ဆိုလည်း အတည်ပေါ့"
"ဟ မင်းစကားက ဘာလဲကွာ ငါ့အဖြေပြန်ပေးတော့လေ"
သက်တန့် ရေရှေ့မှာ ငယ်ငယ်ပြောနေတဲ့ပုံစံလေးက ဆူပုတ်ပုတ်ဖြင့် ချစ်စရာပင်။ငယ်ငယ်၏ ဤပုံစံလေးသည် သက်တန့်အတွက် တစ်ခါမှမမြင်ဖူးသော ပုံစံလေးဖြစ်သည်။
"လာ ငယ်ငယ် ငါရင်ခွင်ထဲလာခဲ့ ပြောပြမယ်"
"အင်း လာပြီ ဘာလဲပြော"
"ငယ်ငယ် မင်းခုနက ပုံစံလေးက ချစ်စရာလေးကွာ သိလား"
"မင်းကို ချစ်စရာကောင်းလား မေးနေတာမဟုတ်ဘူး အဖြေတောင်းနေတာကွ အဖြေ"
"ဟာ ငယ်ငယ်ကလည်း စိတ်ကြီးဘဲ ငါ့ကိုအော်တာ"