အိမ်ကိုလဲ ရောက်ရော သက်တန့်အံ့သြသွားသည်။ဒီလောက်ကျယ်ပြီး လှတဲ့အိမ်မျိုး တစ်ခါမှမတွေ့ဘူးပါ။
ငယ်ငယ်က ကျွန်တော့်လက်ကိုဆွဲကာ"လာ ငါ့အခန်းကို လိုက်ပြမယ်"
"အခန်းကြီးက ကောင်းလိုက်တာ ငယ်ငယ်က သိပ်ကံကောင်းတာဘဲ"
"ငါမင်းကို ပြောစရာတစ်ခုရှိတယ်"
"အင်း ပြောလေ ငယ်ငယ်"
"ငါမင်းရဲ့ပါးဖောင်းဖောင်းလေးတွေကို သဘောကျတယ်။ပြီးတော့ မင်းငါ့စကားကို နားထောင်ရမယ်။အခုကစပြီး မင်းကို ငါပိုင်သွားပီ"
ဟု အသံခပ်မာမာဖြင့် ဆိုလာသည်။
သက်တန့်မျက်စည်တွေ ဝဲလာကာ"အင်းပါ ငါနားလည်ပါတယ်"
"ဟာ ဟေ့ငါမင်းကို ဘာမှမလုပ်ရသေးဘူး။ဘာလို့ငိုနေတာလဲ မငိုရဘူးလေ"
ထို့နောက် အောက်ထပ်မှကြီးကြီးမြရဲ့ အော်သံ
"သားတို့နှစ်ယောက် ထမင်းစားချိန်ရောက်ပြီ ဆင်းလာကြတော့"
"လာ ကြီးကြီးမြခေါ်နေပြီ ထမင်းစားရအောင်"
"ဟုတ် ငယ်ငယ်"
ထမင်းစားချိန်အပြီးတွင် ခြံဝန်းထဲ၌ ဘောလုံးကန်တမ်းကစားကြလေသည်။ဘောလုံးကန်တာက ငယ်ငယ်ပါ ကျွန်တော်က ငယ်ငယ်ကန်တဲ့ဘောလုံးကို လိုက်ကောက်ပေးရတာ
"ငယ်ငယ် ငါနားလို့ရလားဟင် မောနေပြီ"
"အင်း မင်းသဘောလေ"
ငယ်ငယ်က ကျွန်တော့်ခေါင်းကို ကိုင်ကာ
"မင်းက သိပ်တော်တာဘဲ ငါလဲအဲ့လို တော်တဲ့လူမှ သဘောကျတာ"
"နောက်ပြီး ငါ့ကိုစိတ်တိုအောင်လဲ မလုပ်ရဘူးနော် ငါကစိတ်ကြီးတယ်""အင်းပါ"
ကျွန်တော် ဒီအိမ်ကိုရောက်တာ ကံကောင်းသည် ဆိုရမလား ဂေဟာထက်တော့ ဗိုက်ဝအောင် ထမင်းစားရတယ်
ငယ်ငယ်ကလဲ ကျွန်တော့ကိုခင်ပါတယ် သူ့စကားနားမထောင်ရင်တော့ သိပ်စိတ်ဆိုးတတ်တာ
အန်တီ စန္ဒါကတော့ ကျွန်တော့်ကို သိပ်အမြင်မကြည်ပါ။ ငယ်ငယ်ရှေ့မှာသာ ကြည်ဖြူပါသည်။