First Love Sad Story MayBe

1.1K 170 23
                                    

" ငါ.....ငါ မင်းကိုသဘောကျတယ်"

နှစ်ဆယ့်တစ်ရာစုပြည့်နှစ်များရဲ့ အစဦးပိုင်းမှာ ယောက်ျားလေးတယောက်က တခြား‌‌သောယောကျာ်းလေးတယောက်ကို သဘောကျနှစ် သက်မိခြင်းဆို‌သောခေါင်းစဉ် သည် အများစုအတွက် ဆန်းပြားလို့နေဆဲဖြစ်သည်။

နောက်ပြီး ဝန်ခံပစ်လိုက်ဖို့ဆိုသည်မှာလဲ စိတ်ကူးနဲ့တောင်မယဉ်မိဖူးတဲ့ အတွေးစလေးတခုသာသာပင်။

ကောင်းကင်ပြာရောင် စာအိတ်ကလေးမှာဖြင့်
ထိုနေ့က နေရောင်ခြည်အောက်မှာ ရဲရဲဝံ့ဝံ့လွင့်နေ
ခဲ့သည်။ နွေလေပြည်က နှစ်ယောက်သားကြားမှာ
မခို့တရို့တိုးဝင်လို့။

ခေါင်းငုံ့လျက် စာအိတ်ကမ်းပေးနေသူကောင်လေး မှာ ဝုန်းဒိုင်းကြဲလွန်းနေသည့်ရင်ခုန်သံများ
ကို တဖက်လူကြားသိသွားမှာစိုးထိတ်ရသည်နှယ်
လက်လေးများတုန်ယင်လို့နေခဲ့သည်။

စက္ကန့်အပိုင်းအခြားများစွာ ၊ တိတ်ဆိတ်သည့်
ဝန်းကျင်တွင် နာရီလက်တံရွေ့သံက တဖြတ်
ပြီးနောက် တဖြတ်..  

ထိုင်လျက်သားမှနေ မေတ္တာစာလွှာလာ‌ပေးသူကိုမော့ကြည့်လာသည့်‌ ကောင်လေးသည် အချိန်
ခဏလေးအတွင်းမှာတင် သူ ကိုင်လက်စ ခံတဲ
အားပြန်ကိုင်လို့ ဆွဲခြစ်လက်စ စက္ကူဖြူထက်မှ
ပုံရိပ်ဆီ အာရုံတို့ပြန်ရောက်သွားခဲ့တော့သည်။

"ဟို...? "

"စိတ်မရှိပါနဲ့။ ကျွန်တော် ယောက်ျားလေးတွေ သဘောမကျဘူး"

ကောင်းကင်ပြာရောင်စာအိတ်လေးသည် ထိုနေ့ကပိုင်ရှင်မဲ့လို့ ကျန်ရစ်ခဲ့ရတော့သည်။

-------------------------------

ဒေါက် ဒေါက် ... အချစ်ဦးရှိပါသလား ?

ဒေါက် ဒေါက် ... ရှိနေပါသေးတယ်ရင်ထဲမှာ
အချစ်ဦးဆိုတာ အမြဲတမ်း နေရာအတည်တကျ
ရှိနေပြီးသားဖြစ်ပါတယ်

YOUniverse Of MineWhere stories live. Discover now