ရှိခဲ့ဖူးပါသည်။ Luhan တယောက် Oh Sehun ကို သဘောမကျချင်တော့ပါဘူးဟု တွေးမိဖူးသည့်အကြိမ်....ဆယ်ကြိမ်ထက်မနည်း ရှိခဲ့ဖူးပါသည်။
ပထမတကြိမ် သူ သတ္တိအပြည့်နှင့်ကမ်းပေးခဲ့သည့် မေတ္တာလွှာကို ' စိတ်မရှိပါနဲ့ ....ကျွန်တော် ယောက်ျားလေးတွေကို သဘောမကျတတ်ဘူး' ဟု ငြင်းဆန်လာ၍...။
ဘယ်သူကများ Oh Sehun သူ့ကို အတင်း အကျပ် ယောက်ျားတွေသဘောကျခိုင်းလို့လဲလေ။Luhan ဆိုသည့်သူ့ကိုသာ သဘောကျခိုင်းခဲ့သည်မဟုတ်ပါလား ?
ဉာဏ်ထက်သည့်ကျောင်းသားပါဆိုသည့်သတ် မှတ်ချက်ကို ထိုအချိန်မှစ၍ အနည်းငယ်မျှ လက်မခံချင်ဖြစ်သွားရပါသေးသည်။
ထို့နောက် သဘောကျသည့်စိတ်ကသပ်သပ် ၊ မခံချင်သည့်စိတ်ကသပ်သပ်ဖြင့် Oh Sehun တစ်ယောက်ကို Luhan သည် လက်ရေးမူ မေတ္တာလွှာများဖြင့် ဖွင့်ဟဝန်ခံခြင်းများ ခဏထက်ခဏလုပ်
လေတော့သည်။လူကိုယ်တိုင်သွားပေးခဲ့သည်ကဖြင့် ပထမတကြိမ်ထဲပေမဲ့ နောက်ထပ် စာများကို လွယ်အိတ်ထဲမသိအောင်ထည့်၍ တဖုံ၊ စာသင်ခန်းထဲအလစ်ခိုးဝင်ကာ စားပွဲတွင် ထားခဲ့၍တမျိုး၊ ဘတ်စကတ်ဘောလေ့ကျင့်ရင်း နားနေစဉ် ရေဘူးအောက်တွင်ထည့်ထား၍ တစ်နည်း၊ အမျိုးမျိုးသော နည်းလမ်းများနှင့် Oh Sehun ဆီသို့ သူ၏မေတ္တာလွှာများရောက်နေခဲ့သည်ပင်။
သို့သော်လည်း အကြိမ်တိုင်း၌ Oh Sehun ၏
တုံ့ပြန်ပုံ မပြောင်းလဲသော နှစ်ခုတည်း - လျစ်
လျူရှူလိုက်ခြင်း နှင့် ငြင်းဆန်ခြင်း။Luhan မည်မျှလောက်ထိကြိုးစားအားထုတ်ခဲ့သလဲဆိုလျှင် Luhan ၏ Oh Sehun အပေါ် တဖက်သတ်သဘောကျမှုသည် သူတို့အသိုင်း အဝိုင်းသေးသေးလေးထဲပျံ့နှံ့ပြီး အရင် လူမျိုး
မတူ၍ အနိုင်ကျင့်ခဲ့ကြသူများဆီ၌ အနိုင်ကျင့်စရာ တကွက်ပေါ်ကာ ပိုအနိုင်ကျင့်လာခြင်းခံရသည်အထိ။ထိုမျှလောက် နိုင်ထက်စီးနင်း ဆက်ဆံခံရမှုကို အပြုံးနှင့် သည်းခံနိုင်သည်အထိ Luhan က Sehun ကို သဘောကျခဲ့သည်။
သူ့အားထပ်ခါတလဲလဲ ငြင်းနေခြင်း နှင့် သွေး အေးအေးလျစ်လျူရှုနေခြင်းကြောင့် ဒီလူကို သဘောမကျချင်တော့ဘူးပဲ ဒေါသထွက်စွာတွေး
နေမိသည့်ကြားကပင် သဘောကျခြင်းကိုရပ်တန့်
လို့မရပဲရှိသည်။