Too deep To let go

525 91 36
                                    

ချစ်မြတ်နိုးဖို့ရာ ဘယ်တုန်းကမှ မမေ့လျော့ခဲ့
သလိုမျိုးလေး .... မင်းဆီမှာပဲ အသားတကျ
ကျေကျေနပ်နပ် ပျော်ဝင်လို့

.................

Luhan နောက်ဆုံးအနေဖြင့် အနုပညာစင်တာကအကသင်တန်းချိန်များပြီးဆုံးသွားသည့်နောက်မှာ မနက်ဖြန် ရင်ဆိုင်ရတော့မည့် ဓာတ်ပုံရိုက် ကွင်းအတွက် စိတ်လှုပ်ရှားနေမိသည်။

အနုပညာသက်တမ်းကိုးနှစ်ကျော် ဆယ်နှစ်နီးပါးအတွင်း မရေတွက်နိုင်သော အနုပညာလှုပ်ရှားမှု
မျိုးစုံ၌ ဆရာကျခဲ့သူက အခုလို ဓာတ်ပုံရိုက် ကွင်း တစ်ခုအတွက် စိတ်လှုပ်ရှားနေမိပါသတဲ့။

အကလေ့ကျင့်ရေးခန်းမထဲရှိ မှန်ချပ်၌ ထင်ရိပ်နေပါသော သူ့ကိုယ်သူ စိတ်အားတက်ကြွစွာကြည့်‌ရင်း Luhan အချိန်ဖြုန်းနေမိသည်။

သူ၏ ဘဲလေးအကဆရာမှာလည်း နောက်ဆုံးလေ့ကျင့်ချိန်ဖြစ်သည်နှင့်အညီ Luhan ကို အချိန်ပေးထားလေသည်။ Luhan သင် တန်းဆင်းသည်နှင့် အခန်းတံခါးပိတ်ချိန်ရောက်ပြီ
မဟုတ်ပါလား ?

"သင်တန်းလဲဆင်းပြီဆိုတော့ သင်တန်းသား အစား ကျွန်တော် Luhan Ge လို့ပဲ ခေါ်လို့ရပြီ
မလား ?"

အနားသို့ လျှောက်လာရင်းမှနေ ရေဘူးတဘူး ကမ်းပေးပါရင်း သင်တန်းဆရာမှ ဆိုလာသည့်
အခါ မှန်ရိပ်ထဲပျော်ဝင်နေသည့် Luhan မှာ အာရုံကပ်ရသည်။ ရေဘူးကိုလှမ်းယူပြီး တငုံဖွင့်သောက်ပြီးသည့်နောက် မှန်ရှေ့မှ အကြည့်ခွာလျက် Luhan ခေါင်းညိမ့်ပြသည်။

"ဒါဆို ဆရာအစား Kelvin ပဲပေါ့"

"ရပါတယ်ဗျာ ကြိုက်သလိုသာခေါ် "

ကိုရီးယားလူမျိုးစစ်စစ်ဖြစ်သော်လည်း ငယ်စဉ်ထဲက အင်္ဂလန်၌ ကြီးပျင်းခဲ့ပြီး ဘဲလေးပညာရှင်
ဖြစ်လာသူ Kelvin က အသက်ပြည့်ကာမှ မိသားစုအရေးကိစ္စကြောင့် ကိုရီးယားသို့ပြန်လာခဲ့ခြင်းဖြစ်ကြောင်း Luhan မမေးဖူးပေမဲ့ ပြောပြဖူးသည်။

ထိုကောင်လေးမှာ ရှိမှ အသက် နှစ်ဆယ်ပတ် ချာလည် ၊ Luhan နှင့် ယှဉ်လျှင် ငယ်ရွယ်လွန်းသော်လည်း ပညာရှင်ဆန်ပါသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Apr 11, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

YOUniverse Of MineDonde viven las historias. Descúbrelo ahora