" အင်ချွန်းဖက်က အထည်တွေ ပြန်သိမ်းထားပေးနိုင်မလား ? ဘယ်နှထည် error ပါလဲ ? ဘယ်နားတွေ အဓိက error ပါလဲဆိုတာ သေချာစစ်ထားပေးပါ Justin တထည်ချင်းစီ စာရင်းဇယားနဲ့အတိအကျလုပ်ပေးပါ အဆင်ပြေနိုင်တယ်မလား"
စတီယာရင်တိုင်ကို လက်တဖက်ဖြင့်သာထိန်းကိုင် ထားရင်း ကျန်တဖက်ဖြင့် ဖုန်းလက်ခံပြောကြားလို့ Sehun အလုပ်ကိစ္စများ မှာကြားနေသည်။ မြို့တွင်း၌ မဟုတ်ပဲ မြို့ပြင်ဖက်ရောက်လာပြီဖြစ်သဖြင့် ကားမောင်းရင်း ဖုန်းပြောသောအလုပ်ကို လုပ်နိုင်ပါသော်လည်း အချိန်ကြာကြာ မဆွဲထားနိုင်။ပြောစရာရှိသည်များကို မိနစ်ပိုင်းအတွင်းအပြီးဖြတ်လို့ ကားမောင်းလက်စဆီ အာရုံပြန်စိုက်ရတော့သည်။
ဆက်လက်အလုပ်လုပ်ကိုင်၍ အဆင်မပြေတော့သည့် စက်ရုံတချို့နှင့်လက်တွဲဖြုတ်ပြီးနောက်မှာစက်ရုံသစ်ရှာရင်း မိတ်ဆက်ဖို့အတွက် Sehun တာဝန် မဟုတ်ပါသော်လည်း အသေးစိတ်ကအစ ကိုယ်တိုင် လိုက်လုပ်ချင်သည့်သူအဖို့ ပို၍ တာ ဝန်ပိလေတော့သည်။
ဆိုးလ်မြို့မှ ကီလိုအတန်ငယ်ကွာဝေးသည့် စက်ရုံသို့သူရောက်သွားသည့်အချိန်မှာ နေ့လည်အနည်း ငယ်ယွန်းလို့နေပြီ။ စက်ရုံမှူးနှင့်စကားစမြည်ပြောရင်း လုပ်ငန်းလည်ပတ်နေပုံများကို လိုက်ကြည့်ရှူ
သည်။ အော်ဒါထပ်တင်ဖြစ်မည့်အထည်အရေ အတွက်များအကြောင်း စကားလမ်းကြောင်းခင်း
ပြီးသည့်နောက်မှာ စက်ရုံထဲ၌ နှစ်နာရီကျော်ခန့်
အချိန်ကုန်ပြီးဖြစ်ပါသည်။" အခုရာသီအတွက် ထုတ်မဲ့ အထည်တွေရဲ့ ခုနှစ်
ဆယ်ရာခိုင်နှုန်းလောက်ကို စက်ရုံမှူးတို့ဆီကနေ
ထုတ်ချင်ပါတယ်။ ဒါက ကျွန်တော့်ဖက်က စကားကမ်းလှမ်းထားရုံဖြစ်ပြီး ကုမ္ပဏီနဲ့ ညှိုနှိုင်း
ပြီးတဲ့အခါကျရင် တရားဝင်စာချုပ်ပို့ပေးလိုက်ပါမယ်။ စက်ရုံမှူးတို့သာဆိုရင် လုပ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်""သေချာတာပေါ့ လက်ထောက် Oh ရယ်။ ဦးတို့
ဖက်က ဒီလိုသာကမ်းလှမ်းခံရမယ်ဆို အစွမ်းကုန်
ကိုကြိုးစားမှာပါ။ ချည်မျှင်အရောင်စပ်တဲ့ဖက် သွားကြည့်ကြရအောင်"