Lost In First Love (Maybe Again)

402 91 18
                                    

တဖြည်းဖြည်းချင်း တိုးဝှေ့လာတဲ့ နှစ်ယောက် သားကြားက လေပြည်နုနုမှာ ရင်ခုန်သံတချို့ကပ်ညှိပါလာလိမ့်မည်။

ဘဝမှာ ပထမ (မဟုတ်ဘူး) နောက်တကြိမ်..
အချစ်ဦး ရဲ့ ရင်ခွင်ထဲ ခိုနားခွင့်ရမယ်ဆို အဲ့ဒီ
ခံစားချက်ကို လူတွေဘယ်လိုဖော်ပြမလဲ Luhan
သိချင်မိသားရယ်။

မိနစ်နဲ့အမျှ တဒိတ်ဒိတ်နဲ့တိုးလာတဲ့ ရင်ခုန်နှုန်း
တွေက လွန်ခဲ့သည့် ဆယ်နှစ် ... အဲ့ဒီနွေဦးရာသီအချိန်ကိုပြန်ခေါ်ဆောင်လို့သွားသည်။

"ဟေ့....တရုတ်ကောင်လေး.."

"သူ့ကိုလာရန်စမနေပဲနဲ့ မင်းသာ ကိုရီးယားဘာသာ စကားစာမေးပွဲမှာ သူ့ထက်အမှတ်များအောင်လုပ်စမ်းပါ"

လူမျိုးခွဲခြားလို့အနိုင်ကျင့်ရန် လမ်းစဖော်နေသည့် ရန်စစကားကို Luhan ဘာမှမတုံ့ပြန်နိုင်လိုက်ခင်မှာပင် ဘေးနားမှာထိုင်နေသည့် တစ်ယောက်က ခပ်တည်တည်ဝင်ပြောလေသည်။

ကာယအချိန်ဖြစ်သည့်အတွက် အားကစားခန်းမ
တခုလုံး ထိုစကားကြောင့် လှောင်ပြောင်ရယ်မော
သံများဖြင့် ဆူညံသွားသည့်အခါ အနှီရန်စသူမှာ
မျက်နှာတစ်ခုလုံးရဲရဲနီလျက်အနားမှထွက်သွား
တော့သည်။

Luhan သည် စာတော်လျက် ရုပ်ရည်‌ ချောမောပြီး အပြုံးလှလှဖြင့် ဖော်ရွေသည့် ကျောင်းသားဖြစ်သောကြောင့် ခင်နေသူနှင့် ခင်မင်ချင်သူများသည့်အပြင် အဆိုပါစာသင်နှစ်အစတွင်မှ တရုတ်မှ ကျောင်းပြောင်းလာသော ကျောင်းသားသစ်
လည်းဖြစ်သဖြင့် လူမျိုးခွဲခြားကာ အနိုင်ကျင့်
ချင်သူလည်းများပြားသည်။

ပတ်ဝန်းကျင်ကို ဂရုမထားတတ်သည့်သူသည်
ခုဏလို ရန်စလာသူများရှိလျှင် အလိမ္မာနှင့်ရှောင်
တတ်ပြီး ရှောင်မရလျှင်လည်း ရန်စသာခံလိုက်
သည်။ သူသေ ကိုယ်သေထိုးလို့ ရန်ဖြစ်လျှင်
ခေါ်စရာမိဘမှာ အလုပ်ရှုပ်နေသလို ထိုသို့ သူတပြန် ကိုယ်တပြန်ထိုးပါက ဒဏ်ရာအနာတရပိုရနိုင်သဖြင့် Luhan က ရန်ဖြစ်ခြင်းအမှုကိုစိတ်မဝင်စားပါလေ။

"ဒီနေ့တော့ ဒုတိယနှစ်နဲ့ ကာယချိန်ပေါင်းမယ်နော်။ ဘောလီဘော လက်ရွေးစင်တွေရှိတယ်
မလား ? တပွဲလောက် သွေးပူဆော့လိုက်ကြရ အောင်"

YOUniverse Of MineWhere stories live. Discover now